Connect with us

Politics, Law & Military

နေပြည်တော် အဝင်ကားများ ဆိုင်းငံ့ထားမှုမှာ ယာယီသာ ဖြစ်ဟုဆို

နေပြည်တော်သို့ ဝင်လာသည့် ကားများအား စစ်ဆေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

ယနေ့နံနက် အစောပိုင်းမှ စ၍ နေပြည်တော်သို့ ဝင်ရောက်လာသည့် ကားများကို အမြန်လမ်းရှိ စစ်ဆေးရေးဂိတ်များတွင် ဆိုင်းငံ့ထားရှိသည်မှာ မှန်ကန်ကြောင်း၊ ယာယီ ဆိုင်းငံ့ထားခြင်းသာ ဖြစ်ကြောင်းနှင့် ယနေ့ ညနေပိုင်းတွင် ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း နေပြည်တော် အဝေးပြေးယာဉ်လိုင်းများ အသင်း ဥက္ကဌ ဦးဝင်းဆွေက ဆင်ဟွာသို့ ဖြေကြားခဲ့သည်။

“လောလောဆယ် ၁၁၅ မိုင်နဲ့ရမည်းသင်းမှာ အဝင်ရပ်ထားတယ်လို့သိရတယ်၊ ဒီနေ့ ညနေ လောက် ဆိုရင် ပြန်ဖွင့်ပေးမှာ၊ ဆေးစစ်ပြီး လက်မှတ်ပါလာတဲ့ အိမ်စီးကားတွေကိုတော့ ခွင့်ပြု ပေးတယ်လို့သိရတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

နေပြည်တော်သို့ ဝင်လာသည့် ကားများအား စစ်ဆေးနေစဉ် (ဆင်ဟွာ)

ဇန်နဝါရီ ၂၉ ရက်နေ့၌ နေပြည်တော်တွင် ပါတီကြီး တစ်ခုအား ဝန်းရံသည့် ဒေသခံ ပြည်သူ အချို့က လူထု လှုပ်ရှားမှု တစ်ရပ် ဆောင်ရွက်ကြမည်ဟု ကြိုတင် ကြေညာခဲ့သည့်အတိုင်း ယနေ့နံနက်ပိုင်းမှ စပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး အရှေ့နှင့် မြို့မဈေးအနီးတစ်ဝိုက် အပါအဝင် လမ်းမများတစ်လျှောက် light truck ကားများက ဗီနိုင်း စတေကာများ ကိုင်ဆောင်သူ အချို့ကို တင်ဆောင်ကာ လှည့်လည်မောင်းနှင်နေခြင်းများ ရှိနေကြောင်း၊ နေပြည်တော်သို့ အဝင်ကားများအား ယာယီ ဆိုင်းငံ့ထားခြင်းမှာ အဆိုပါ ဖြစ်ရပ်နှင့် ဆက်နွှယ်နိုင်သည်ဟု မိမိ ယူဆပါကြောင်းလည်း အဝေးပြေးယာဉ်လိုင်းများ အသင်း ဥက္ကဌက ပြောခဲ့သည်။

နေပြည်တော်သို့ အဝင်ကားစီးရေမှာ COVID-19 ဒုတိယလှိုင်း မတိုင်မီက တစ်ရက်လျှင် ပျမ်းမျှ ၂၅၀ စီးမှ ၃၀၀ စီးခန့်အထိ ရှိခဲ့ပြီး ယခု လပိုင်းများတွင် အိမ်စီးကား၊ ကုန်ကားအချို့သာ ရှိတော့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117