Connect with us

Politics, Law & Military

တရားရုံးများက အမှုအခင်းများကို ကြန့်ကြာမှု မရှိစေဘဲ ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စစ်ဆေး စီရင် အဆုံးအဖြတ် ပြုကြရန် ပြည်ထောင်စု တရားသူကြီးချုပ် ပြောကြား

ပြည်ထောင်စု တရား လွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရား လွှတ်တော်များ၏ (၁၅) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ)

တရားရုံးများသည် အမှုအခင်းများကို ကြန့်ကြာမှု မရှိစေဘဲ ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင် အဆုံးအဖြတ် ပြုကြရန် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။

ထို့အတူ အမှန်တရားကို အဆုံးအဖြတ်ပေးသည့်၊ အငြင်းပွားမှုများကို ဖြေရှင်းပေးသည့် တရားရုံးများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း သြဂုတ် ၉ ရက်တွင် ပြုလုပ်သော ပြည်ထောင်စု တရား လွှတ်တော်ချုပ် နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရား လွှတ်တော်များ၏ (၁၅) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေး၊ အဂတိတရား ကင်းစင်သည့် တရားစီရင်ရေး ဖြစ်ပေါ်ရေးတို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအထိ အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ရန် တာဝန်များ အသီးသီး ပေးအပ်ထားပြီးဖြစ်၍ ဆင့်ကဲ ဆင့်ကဲ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားသူကြီး များသည် ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် အဂတိ မလိုက်စားဘဲ မှန်ကန်မျှတစွာ တရားစီရင်ကြခြင်းဖြင့် ပြည်သူတို့ လက်ခံ ယုံကြည် အားကိုးနိုင်သည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေး စနစ်ကို ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ်က ပြောကြားခဲ့သည်။

မှုခင်းများ စစ်ဆေးစီရင်ခဲ့မှုနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ပြည်ထောင်စု တရား လွှတ်တော်ချုပ်တွင် ရာဇဝတ်အမှုပေါင်း (၈၈၂) မှု လက်ခံရရှိပြီး (၈၅၂) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း ၊ တရားမ အမှုပေါင်း (၁၄၂၇) မှုလက်ခံရရှိပြီး (၁၃၂၃) မှု စစ်ဆေးပြီးပြတ် ခဲ့ကြောင်း၊ ထို့ပြင် စာချွန်တော် လျှောက်ထားမှု (၁၄၇) မှု လက်ခံရရှိပြီး ယခင်နှစ် အမှုလက်ကျန် (၂၆) မှုအပါအဝင် (၁၇၃) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များတွင် ရာဇဝတ်အမှုပေါင်း (၃,၅၀၁) မှု လက်ခံရရှိပြီး ယခင်နှစ်အမှု လက်ကျန် (၂၀) မှုအပါအဝင် (၃,၅၂၁) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ တရားမ အမှုပေါင်း (၂,၈၈၂) မှုလက်ခံရရှိပြီး (၂,၅၂၁) မှုစစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ ခရိုင်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း (၁၀,၈၇၀) မှုလက်ခံရရှိပြီး (၉,၄၂၈) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ တရားမ အမှုပေါင်း (၆,၈၀၅) မှု လက်ခံရရှိပြီး (၅,၄၀၆) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း သိရသည်။

မြို့နယ်တရားရုံးများတွင် ရာဇဝတ် အမှုပေါင်း (၁၅၅,၈၂၈) မှု လက်ခံရရှိပြီး (၁၄၉,၂၇၅) မှု စစ်ဆေး ပြီးပြတ်ခဲ့ကြောင်း၊ တရားမ အမှုပေါင်း (၁၅,၄၆၁) မှု လက်ခံရရှိပြီး (၁၂,၂၅၇) မှု စစ်ဆေး ပြီးပြတ်ခဲ့ကြောင်း၊ ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ် တရားရုံး (ရန်ကုန်နှင့် မန္တလေး) တွင် ကလေးသူငယ် ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၁၆၄) မှု လက်ခံရရှိပြီး ယခင်နှစ် အမှုလက်ကျန် (၁၀) မှုအပါအဝင် (၁၇၄) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း၊ စည်ပင်သာယာ တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့တွင် စည်ပင်သာယာ ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၉,၉၅၆) မှု လက်ခံရရှိပြီး (၉,၉၄၅) မှု စစ်ဆေးပြီးပြတ်ခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ် တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်၍ မော်တော်ယာဉ် ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၅၈,၅၉၄) မှုကို စစ်ဆေးစီရင်ခဲ့ကြောင်း သိရသည်။(Xinhua)