Connect with us

Politics, Law & Military

တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခု၌ စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများ စက်တင်ဘာလ ၂၁ ရက်အထိ တိုးမြှင့် ရပ်ဆိုင်း

၇၄ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား ကျင်းပမှု မြင်ကွင်း တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခု၌ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအား စက်တင်ဘာလ ၂၁ ရက် အထိ တိုးမြှင့် ရပ်ဆိုင်း ပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သြဂုတ် ၃၁ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ ခဲ့သည်။

လက်ရှိ အခြေအနေတွင် တပ်မတော် အနေဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေး အပေါ် မျှော်လင့်ချက် ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင် ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအား ယုံကြည်မှု အပြည့်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)နှင့် လက်ရှိ ဆွေးနွေးဆဲ အခြေအနေများ ဆက်လက်ဆောင်ရွက်နိုင်ရေး တို့အတွက် ထိုကဲ့သို့ တိုးမြှင့် ရပ်ဆိုင်းခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက် ကောင်းမွန်စေရေး တပ်မတော်ဘက်မှ စတင်၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခြင်းအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ ၊ တြိဂံ ဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေများတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ စတင်၍ သြဂုတ်လ ၃၁ ရက်အထိ အချိန်ကာလအားဖြင့် ၈ လကြာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုး တိုးတက်ရေး နှင့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်လိုသည့် စစ်မှန်သောဆန္ဒဖြင့် ပြုလုပ်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး နှင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.