Connect with us

Politics, Law & Military

ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေဟု ဆို

ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်အောင်သူ အဖွင့် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအပြင် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတါင် အာဆီယံ၏မူဘောင်များနှင့်အညီ အဖွဲ့ဝင်နိုင်ငံများ အားလုံး နှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲ အသင့်ရှိနေသည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြောကြားခဲ့သည်။

နေပြည်တော် Horizon Lake View Hotel ၌ ယနေ့မှ ၂၆ ရက်နေ့အထိ သုံးရက်တိုင် ပြုလုပ်မည့် 19th SOMTC (Senior Officials Meeting on Transnational Crime) အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် ဒုတိယ ဝန်ကြီးက ပြောခဲ့ခြင်းဖြစ်ပြီး.. “အဆွေတော်တို့ရဲ့ ရင့်ကျက်တဲ့ အတွေ့ အကြုံများ၊ ဉာဏ်ပညာ ထက်မြက်မှု အမြော်အမြင်ကြီးမားမှုများဖြင့် မိမိတို့ အာဆီယံ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု ၊ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ ငွေကြေးခဝါချမှု၊ တောရိုင်း တိရစ္ဆာန် ပစ္စည်းများ ကုန်ကူးမှုတို့နှင့် စပ်လျဉ်းပြီး 18th SOMTC မှာ ဆွေးနွေးခဲ့တဲ့ ရလဒ်များ၊ ဆွေးနွေးဖက် နိုင်ငံများ၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ တင်ပြချက်များ၊ 12th AMMTC (ASEAN Ministerial Meeting on Transnational Crime) မှာ အတည်ပြုခဲ့တာတွေကို အကောငအထည်ဖော်မယ့် အစီအမံများကို ဒီနေ့ အစည်းအဝေးမှာ အကောင်းဆုံး အဖြေရှာ အဖြေရှာနိုင်လိမ့်မယ်လို့ အလေးအနက် ယုံကြည်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

ရဲမှူးချုပ် ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ရဲမှူးချုပ် ရဲဗိုလ်ချုပ် မျိုးဆွေဝင်း အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

အာဆီယံအဆင့်မြင့် အရာရှိကြီးများ နယ်စပ်ဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေး ဆိုင်ရာ အစည်းအဝေး ဖွင့်ပွဲကျင်းပနေစဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံ အလံအား အလေးပြုကြစဉ်။(ဆင်ဟွာ)

အာဆီယံအလံအား အလေးပြုကြစဉ်။(ဆင်ဟွာ)

မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြစဉ်။(ဆင်ဟွာ)

ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက အမှာစကား ပြောကြားရာတွင် “တစ်နေ့တခြား တိုးတက်လာ တဲ့ နည်းပညာများနဲ့ ယှဉ်တွဲ ဖြစ်ပေါ်နေတဲ့ နိုင်ငံဖြတ်ကျော် မှုခင်း တွေဟာ ဖွံ့ဖြိုးစ နိုင်ငံတွေအပေါ် အဆိုးရွားဆုံး ပုံစံနဲ့ ရိုက်ခတ်နေပါတယ်၊ အထူးသဖြင့် အကြမ်းဖက် မှု အန္တရာယ်ဟာ နိုင်ငံဖြတ်ကျော် မှုခင်းအားလုံးနဲ့ ချိတ်ဆက်မှု ရှိနေတာကြောင့် မှုခင်းပြသနာရှုထောင့် တစ်ခုတည်းက သုံးသပ်ဖြေရှင်း လို့မရတော့ပါဘူး၊ ကဏ္ဍပေါင်းစုံက ရှုမြင် သုံးသပ်ပြီး အပြုသဘော ဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု များနဲ့သာ ပြသနာအရင်းအမြစ်ကို ဖော်ထုတ်ဖြေရှင်းနိုင်ဖို့ လိုအပ် လာပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ရဲချုပ်က မြန်မာနိုင်ငံ၌ လတ်တလော ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်း ဒေသခံပြည်သူများ အကျင်အတည်းများ ကြုံတွေ့နေရခြင်း၊ တိုင်းရင်းသားများ စစ်ဘေးရှောင်နေရခြင်းတို့အတွက် ရွှေ့ပြောင်းနေထိုင်ရမှုများအပေါ် နိုင်ငံတော် အစိုးရက အတတ်နိုင်ဆုံး ထောက်ပံ့ကူညီ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အဓိက တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လူမျိုး၊ ဘာသာ။ အယုတ် အလပ် အမြတ် မခွဲခြားဘဲ ဥပဒေနှင့်အညီ ယိုင်းပင်းကူညီ စောင့်ရှောက်ပေးလျက်ရှိကြောင်း လည်း ပြောကြားခဲ့သည်။

19th SOMTC ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထဲရေး ဒုတိယ ဝန်ကြီး၊ ရဲချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးဌာန များမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆီယံအဖွြ့ဝင်နိုင်င့များမှ အဆင့်မြင့် အရာရှိကြီးများ၊ ကိုယ်စားလှယ်များ၊ SOMTC ၏ ဆွေးနွေးဖက်များ၊ သံတမန်များ၊ UN နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေး၏ ရလဒ်များကို ၂၆ရက်နေ့ နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်မည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.