Connect with us

Politics, Law & Military

နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အတွင်း လုပ်ငန်းများအားလုံး အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ဟုဆို

အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

အစိုးရသစ်ကာလတွင် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိမည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ရက် ၁၀၀ စီမံချက် လုပ်ငန်းစဉ် ၉ ရပ် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံချက် လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ကြောင်း ယနေ့သြဂုတ် ၁၂ ရက်တွင် သတင်းထုတ်ပြန် ရှင်းလင်းခဲ့သည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက် လုပ်ငန်းစဉ် ၉ ရပ်မှာ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ လုပ်ငန်းစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်း စိစစ်ခြင်း ၊ သဘာ၀ ဘေးအန္တရာယ်များကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် လမ်း ၊ တံတား နှင့် အဆောက်အဦးများ ပြန်လည် ပြုပြင်ခြင်း ၊ ရွှေ့ပြောင်း ဒုက္ခသည် IDP များအား ပြန်လည် နေရာချထားရေး အတွက် တန်ဖိုးနည်း နေအိမ်များ ဆောက်လုပ်ပေးခြင်း ၊ ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး သင်တန်းများ ပို့ချခြင်း ၊ နယ်စပ်ဒေသနေ တိုင်းရင်းသား/သူများအား လေ့လာရေး ခရီးစဉ်များ စီစဉ် ဆောင်ရွက်ခြင်း ၊ ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူခြင်း ၊ အဂတိ လိုက်စားမှု ကင်းရှင်းစေရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းများ ဖွင့်လှစ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း တို့ဖြစ်ကြောင်း သိရသည်။
ထိုလုပ်ငန်းစဉ်များအနက် ရွှေ့ပြောင်း ဒုက္ခသည် IDP များအား ပြန်လည် နေရာချထားရေး အတွက် တန်ဖိုးနည်း နေအိမ်များ ဆောက်လုပ်ပေးခြင်း လုပ်ငန်းစဉ်တွင် ရခိုင်ပြည်နယ် အပါအဝင် အခြား ဒေသများရှိ ရွှေ့ပြောင်း ဒုက္ခသည် IDP များကို ပြန်လည် နေရာချထားပေးရေး အတွက် တန်ဖိုးနည်း နေအိမ်များ ၊ လမ်း ၊ တံတား ၊ ရေရရှိရေး ၊ စားနပ်ရိက္ခာ ဖူလုံရေးတို့ဆောင်ရွက်သွားနိုင်ရေး အတွက် အသင့်ပြင်ဆင် စီမံ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ၊ ယင်းလုပ်ငန်းများသည် ရေရှည် အစီအမံဖြင့် ဆောင်ရွက်သွားရမည့် လုပ်ငန်းများ ဖြစ်ကြောင်း နယ်စပ် ရေးရာ ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရဲနိုင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် ရက် ၁၀၀ စီမံချက် လုပ်ငန်းစဉ် ၉ ရပ်အား မေလ ၁၃ ရက်မှ စတင် အကောင်အထည်ဖော်ခဲ့ရာ ဇူလိုင်လ ၃၁ ရက်တွင် လုပ်ငန်းများ အားလုံး ပြီးစီးခဲ့ကြောင်း ၊ ဆက်လက်၍ ဝန်ကြီးဌာန၏ အဓိက တာဝန် ၂ ရပ် ဖြစ်သည့် နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နှင့် နယ်စပ် ဒေသနေ တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို နှစ်အလိုက် စီမံကိန်းများ ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.