Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ရေးရာ ဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း တို့တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာ ဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းလာရောက် တို့တွေ့ဆုံစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံး၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ဆုန့်ထောင်း က တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် အလွန် နက်ရှိုင်းကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း သည် နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှု ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ သည် မိမိ နိုင်ငံ အခြေအနေနှင့် ကိုက်ညီသော တိုးတက်ရေး လမ်းစဉ်လျှောက်လှမ်းသည် ကို ထောက်ခံ အားပေးကြောင်း ၊ မြန်မာ နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ်မှု ရရှိရန်ကိုလည်း ကူညီထောက်ပံ့လိုကြောင်း ၊ နှစ်နိုင်ငံ ရှိ အာဏာရ ပါတီ များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု များပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် အတွက် တွန်အားပေး လိုကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက်တွင် ဒေါ်အောင်ဆန်းစုကြည် က မြန်မာ နိုင်ငံ အနေဖြင့် မြန်မာ-တရုတ် ဆက်ဆံရေးကို အလွန်အလေး ထားကြောင်း ၊ မကြာမီ အချိန်တွင် တရုတ် နိုင်ငံ သို့သွားရောက် လည်ပတ်မည့် ချစ်ကြည်ရေး ခရီးစဉ် မှ တစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု ကို အဆင့်တိုးမြှင့်နိုင်ရန် မျှော်လင့်ကြောင်း ၊ NLD ပါတီ အနေဖြင့် တရုတ်နိုင်ငံ ကွန်မြူနစ် ပါတီ နှင့် ဆက်ဆံရေး ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန် ယုံကြည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့် သွားလိုကြောင်း ပြောကြား ခဲ့ပါသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် တွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ သည် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ တာဝန်ရှိသူ များ နှင့်လည်း တွေ့ဆုံ ခဲ့ပါသည်။ မစ္စတာဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂုတ်လ ၁၀ ရက်နေ့ည ၇ နာရီ အချိန်ခန့်တွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး သြဂုတ်လ ၁၄ ရက်နေ့အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် ပါတီ ခေါင်းဆောင်များကို တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.