Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ နိုင်ငံတကာ အဖွဲ့ဝင် ၅၃ဖွဲ့ပါဝင်သော နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ကျင်းပမည်

အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်တွင် နိုင်ငံတကာမှ အဖွဲ့ဝင် ၅၃ဖွဲ့ပါဝင်သော နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း ယနေ့ အစိုးရ ရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားသည်။

အဆိုပါ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် ဥရောပ နိုင်ငံ၃၀၊ အာရှ ၁၁နိုင်ငံ EU+အာဆီယံနိုင်ငံများမှ ၁၂ဖွဲ့ စုစုပေါင်း အဖွဲ့ ၅၃ဖွဲ့ ပါဝင်သည့် အစည်းအဝေးကို မြန်မာနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရက် (၁၀၀)အတွင်း ပြည်သူများ အကျိုးစီးပွားကို ပြည်ပနိုင်ငံများ၌ စောင့်ရှောက်ပေးခြင်း၊ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော နိုင်ငံသားများသည် နိုင်ငံတည်ဆောက်ရေးကို ပါဝင်ဆောင်ရွက်ရန် ပြည်တွင်းသို့ ပြန်လည်လာရောက်ရန် ဖြေလျော့မှုများ ပြုလုပ်ခြင်း၊ အမည်မည်းစာရင်းများ ပယ်ဖျက်ပေးခြင်း၊ ပြည်တွင်းရောက် သံတမန်၊ နိုင်ငံတကာ အေဂျင်စီများ ခရီးသွားလာမှုအတွက် ဆောင်ရွက်ပေးခြင်း၊ သံတမန်နိုင်ငံအဖြစ် တိုးချဲ့ရန် စီစဉ်ထားခြင်း၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များ တိုးချဲ့ခန့်အပ်ရန် ပြင်ဆင်ခြင်းစသည့်တို့ကို ပြုလုပ်လျက်ရှိသည်။
ယင်း ရက်(၁၀၀)အတွင်း မြန်မာနိုင်ငံသို့ လာအို သမ္မတ၊ မွန်ဂိုလီးယား သမ္မတနှင့် စင်ကာပူဝန်ကြီးချုပ်၊ အခြား နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ လာရောက်မှုကြောင့် နှစ်နိုင်ငံချင်းစီ အပြန်အလှန်အကျိုးရှိခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ အချင်းချင်း အပြန်အလှန် လာရောက်မှုများကြောင့် ကောင်းမွန်သည့် ဆက်ဆံရေးများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117