Connect with us

Politics, Law & Military

နိုင်ငံရေး အကျဉ်းသားများနှင့် အမှု ရင်ဆိုင်နေရသော ကျောင်းသားများ လွတ်မြောက်ရေး အတွက် ဥပဒေအတိုင်း ကြိုးပမ်း ဆောင်ရွက်မည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်အား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

မြန်မာရိုးရာ နှစ်သစ်ကူး အခါသမယတွင် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှု ရင်ဆိုင်နေရသည့် ကျောင်းသားများ ပြစ်မှုမှ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ဥပဒေအတိုင်း ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဧပြီလ ၇ ရက် နေ့စွဲ့ဖြင့် ကြေညာချက် ထုတ်ပြန် လိုက်သည်။

အဆိုပါ လူများ လွတ်မြောက်ရေးသည် ပြည်သူ ရွေးကောက်တင်မြှောက်လိုက်သော အစိုးရသစ်၏ ဦးစားပေး လုပ်ငန်းတစ်ခု ဖြစ်ပြီး ယင်း လွတ်မြောက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၂၀၄ ၊ ပုဒ်မခွဲ (က) နှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်လိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.