Connect with us

Politics, Law & Military

ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် မရှိစေအောင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျှော်အမြင် ရှိစွာ သုံးစွဲရေး စိစစ် ကြပ်မတ် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ပြောကြား

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-ဖြိုးမင်းသိန်း-FB)

ရန်ကုန် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ဖွံ့ဖြိုး တိုးတက်ရန် ပြည်သူ့ဘဏ္ဍာငွေများကို စီမံခန့်ခွဲ သုံးစွဲရာတွင် ပြည်သူ့ ဘဏ္ဍာရေး စနစ်ကို ထိရောက်စွာ ကျင့်သုံးနိုင်ရေး ၊ ဘဏ္ဍာငွေများ စနစ်တကျ အပြည့်အဝ ရရှိရေး ၊ လုပ်ငန်းများ ချမှတ် ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် မရှိစေအောင် အမျှော်အမြင် ရှိစွာ သုံးစွဲရေးတို့ကို စိစစ် ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ဧပြီလ ၈ ရက်တွင် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဒုတိယ အကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့အား ခန့်အပ်ကြောင်း လွှတ်တော်သို့တင်ပြခြင်း ၊ ကတိသစ္စာပြုခြင်း ၊ ခန့်အပ် တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်း တင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်သူလူထုများ နေ့စဉ် ကြုံတွေ့နေရသော သောက်သုံးရေ၊ လျှပ်စစ်မီး၊ အမှိုက်၊ မိလ္လာစသည့် စနစ်များ ချို့ယွင်း ပျက်စီး နေခြင်းများကို ပြုပြင်သွားမည် ဖြစ်ပြီး သစ်ပင် ပန်းမာလာများ စိမ်းလန်း စိုပြည်ရေးနှင့် အများပြည်သူ ကျန်းမာရေး အတွက် အားကစားနှင့် အပန်းဖြေနေရာများ လျော့နည်းလာခြင်းကို ပြုပြင ်ပြောင်းလဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ယာဉ်ကြော ပိတ်ဆို့မှုပြဿနာ ကိုလည်း အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့သည်။

ထို့ပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်ရန် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ စီးဝင်လာနိုင်ရေးကို အထူး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူ လယ်သမား များ၏ လူနေမှုဘဝ မြင့်မားတိုးတက်စေရန် စိုက်ပျိုးရေး ထုတ်ကုန်များ ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြင့် စက်မှုကုန်ချော ထုတ်ကုန်များ ပေါ်ပေါက်စေရန် နည်းပညာဖြန့်ဝေခြင်း၊ လိုအပ်သော နိုင်ငံတကာ အကူအညီများ ရယူခြင်းတို့ကို အထူးအလေးပေးကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။