Connect with us

Politics, Law & Military

နေပြည်တော်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၃ သန်းကျော်ဖိုး ရပြီဟု ဆိုှိ

နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်း အဖွင့်စကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ)

နေပြည်တော်တွင် ၁၉၈၈ – ၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ဇူလိုင်လအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၆၃ ဒသမ ၂၉၉ သန်းဖိုး ရှိကြောင်း နေပြည်တော် ကောင်စီဝင် ဦးအောင်မြင့်ထွန်း ယနေ့ ပြောကြားခဲ့သည်။

“ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နဲ့ ခရီးသွားလာရေးကဏ္ဍ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ကဏ္ဍတွေမှာ လုပ်ငန်း ရှစ်ခုတို့က ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၂၉၉သန်းနဲ့ ဆောင်ရွက်နေကြပါတယ်၊ နိုင်ငံတွေကတော့ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ကာတာ၊ မလေးရှား၊ ဂျပန်၊ ထိုင်း စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်” ဟု နေပြည်တော် Hotel Amara တွင် ယနေ့ ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများနှင့်မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ ရှင်းလင်း ဆွေးနွေးပွဲ၌ ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာစာများနှင့်အညီ နေပြည်တော် ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီက အမေရိကန် ငါးသန်းနှင့် အောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊ မြန်မာငွေ ကျပ် သန်း ခြောက်ထောင်နှင့် အောက် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အတည်ပြုမိန့်များ ထုတ်ပေးလျက်ရှိရာ ယခုဘဏ္ဍာနှစ်အတွင်း ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂သန်းရှိသည့် Golden Sunland Co., Ltd. အား အတည်ပြုမိန့် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းက အလုပ်အကိုင် အခွင့်အလမ်း ၁၁၅ နေရာ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ညွှန်ကြားရေးမှူး ဒေါက်တာ လွင်သူဇာရွှေ ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများနှင့်မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ ရှင်းလင်း ဆွေးနွေးပွဲကျင်းပနေစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ထို့အပြင်ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့်လည်း ၂၀၁၈ ဇူလိုင်လကုန်အထိ လုပ်ငန်းပေါင်း ၂၂ ခုတို့အတွက် ရင်းနှီးမြှုပ်နှံမှု ကျပ် ၅၄၈ ဒသမ ၆၄၁ ဘီလျံ ကျော်ဖြင့် လုပ်ငန်းလုပ်ဆောင်ရန် ခွင့်ပြုထားကြောင်း၊ နေပြည်တော်သည် ပထဝီ အနေအထား အရ ကုန်းတွင်းဒေသဖြစ်သော်လည်း စီးပွားရေး အလားးအလာကောင်းများ ရှိရာ ဒေသတစ်ခု ဖြစ် ကြောင်း၊ မြေနေရာ ရရှိမှု၊ မြေဈေးနှုန်း သင့်တင့်မှု၊ လျှပ်စစ်မီး အလုံအလောက်ရရှိမှု စသည့် အားသာ ချက်များ ရှိသည့်အပြင် နိုင်ငံ၏ မြို့တော် ဖြစ်၍ အခြားမြို့ကြီးများနှင့် ချိတ်ဆက်ထားသော သယ်ယူ ပို့ဆောင်ရေး ကွန်ယက်၊ နိုင်ငံတကာ လေဆိပ်များ တည်၇ှိသောကြောင့် နေပြည်တော်ကို Landlock ဒေသအဖြစ် မဟုတ်ဘဲ connectivity အားကောင်းသည့် land-link ဒေသအဖြစ် အကောင်အထည် ဖော် ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ မြင်တွေ့နေရကြောင်းလည်း နေပြည်တော် ကောင်စီဝင်က ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ နေပြည်တော် ကောင်စီဝင်များနှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးးစီးဌာနမှ အရာရှိကြီးများ၊ ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (GIZ) တို့မှ ကိုယ်စားလှယ်များ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန် နှင့် ညွှန်ကြားရေး မှူး ဒေါက်တာ လွင်သူဇာရွှေ တို့က အမှာစကား ပြောကြားခြင်း၊ ရှင်းလင်း တင်ပြခြင်းများ ဆောင်ရွက် ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.