Connect with us

Politics, Law & Military

ပို့ကုန်အမယ် ၃၄ ခုနှင့် သွင်းကုန်အမယ် ၇၂ခု ကို ၃ လ ယာယီဖြေလျှော့ပေး

ရန်ကုန်မြို့ အေးရှားဝေါလ် ဆိပ်ကမ်း၌ အတင်အချပြုလုပ်ထားသော ကွန်တိန်နာ များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

COVID-19 ရောဂါတတိယလှိုင်းဖြစ်ပွားနေချိန်တွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန် ပို့ကုန်အမယ် ၃၄ ခုနှင့် သွင်းကုန်အမယ် ၇၂ ကို ဇူလိုင် ၂၆ ရက်မှ စ၍ ၃ လယာယီဖြေလျှော့ပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာသို့ သြဂုတ် ၁၂ ရက်တွင် ပြောကြားသည်။“ဒီကာလမှာ အရေးကြီးကုန်စည်တွေအတွက် ပို့ကုန်အမယ် ၃၄ ခု နဲ့ သွင်းကုန်အမယ် ၇၂ ခုကို ဇူလိုင် ၂၆ ရက်ကစပြီး ကျွန်တော်တို့ ၃ လ ယာယီဖြေလျှော့ပေးထားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဆေးဝါးထုတ်လုပ် တဲ့နေရာမှာ အသုံးပြုရမယ့် ဆေးဝါးကုန်ကြမ်း တင်သွင်းတဲ့ အခါမှာလည်း လိုင်စင်လျှောက်ထားတာတွေ ကိုဖြေလျှော့ပေးဖို့ စီစဉ်ညှိနှိုင်းနေပါတယ်’’ ဟု ဦးမင်းမင်းကပြောသည်။

လက်ရှိ ရုံးပိတ်ရက်ကာလအတွင်း သွင်းကုန်ပိုင်းကိစ္စရပ်များအတွက် လိုင်စင်လိုအပ်ချက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ ထို့အတူ နယ်စပ်မှတင်သွင်းခြင်းအတွက်လည်း ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

“ဆေးဝါးအပါအဝင် အရေးကြီးကုန်စည်နဲ့ ပတ်သက်ပြီး မတန်တဆဈေးတက်တာတွေနဲ့ ပတ်သက်လို့ စားသုံးသူရေးရာဦးစီးဌာန က ပညာပေးတာ၊ သတိပေးတာနဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါတယ်။’’ ဟု ဦးမင်းမင်းကဆက်ပြောသည်။

၂၀၂၀ပြည့်နှစ် အောက်တိုဘာ မှ ၂၀၂၁ ခုနှစ် ဇူလိုင်ကုန်အထိ စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကို ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။COVID-19 နှင့် ဆက်စပ်သောဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများအား အဓိက ဖြေလျှော့ပေးလျက်ရှိကြောင်းလည်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.