Connect with us

Politics, Law & Military

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အစိုးရအဖွဲ့ ရက်၁၀၀ ကာလအတွင်း ဆောင်ရွက်ပြီးစီးမှု

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပထမ ရက် (၁၀၀) ကာလ အတွင်း ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များကို အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ် က ရှင်းလင်းပြောကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အစိုးရ ရက်၁၀၀ အတွင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

ရက်၁၀၀ ကာလအတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး နှင့် အဆင့်ဆင့်သော ဥပဒေရုံးများ သည် ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေနှင့်အညီ ဥပဒေများ စိစစ်ခြင်း၊ ဥပဒေအကြံဉာဏ်ပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ခြင်း လုပ်ငန်း များအားဥပဒေနှင့် ပညီ ဆောင်ရွက်နိုင်ရန် စီမံခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး ၊ ဥပဒေစိစစ်ရေးဦးစီးဌာန အနေဖြင့် ရက်၁၀၀ ကာလအတွင်း ဝန်ကြီးဌာန နှင့် အစိုးရ အဖွဲ့အစည်းများမှ ပေးပို့သော ဥပဒေမူကြမ်း ၃၀ ခု၊ နည်းဥပဒေ ၊စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက် နှင့် လုပ်ထုံးလုပ်နည်းမူကြမ်း ၅၂ ခုတို့ကို စိစစ်အကြံပြုနိုင်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းသည့် ဥပဒေ ၂၄ ခုအား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဥပဒေအကြံပေးဦးစီးဌာန ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့် အာဆီယံရေးရာ ဌာနခွဲ အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီး၊ပြည်နယ် ဥပဒေချုပ်ရုံးများမှ တဆင့် ပေးပို့သည့် စာချုပ်စာတမ်း ၂၇ ခုကိုလည်းကောင်း အကြံပြုခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားစွဲ နှင့် အမှုလိုက် ဦးစီးဌာန နှင့် အဆင့်ဆင့်သော ဥပဒေရုံးများသည် တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံဉာဏ်ပေးခြင်း နှင့် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်ရာတွင် ကြန့်ကြာမှုမရှိစေရန် စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဥပဒေရုံးအဆင့်ဆင့် အနေဖြင့် ရက် ၁၀၀ စီမံချက်ကာလ အတွင်း ခြောက်လအထက် ကြန့်ကြာနေသည့် အမှုများအား ဦးစားပေးဆောင်ရွက်ခဲ့ရာ ၆၃၆၂ မှုပြီးပြတ်ခဲ့ကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် JICA ၊ UNDP ၊ KOICA ၊IDLO တို့နှင့် နားလည်မှုစာချွန်လွှာများ ရေးထိုး နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စရှေ့နေချုပ်ရုံး အနေဖြင့် ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများ နှင့် အဂတိကင်းရှင်းရေး ၊ လာဘ်ပေးလာဘ်ယူ မပြုလုပ်စေရေးတို့အတွက် ဆွေးနွေးပွဲများပြုလုပ်၍ အသိပေးရှင်းလင်းပွဲများ ပြုလုပ်နိုင်ခဲ့ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.