Connect with us

Politics, Law & Military

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရက် ၁၀၀ ဆောင်ရွက်ချက်များ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရက် (၁၀၀) ကာလအတွင်းဆောင်ရွက်ခဲ့မှုများ ကိုစာရင်းစစ်ချုပ်ဦးမော်သန်းက ရှင်းလင်းပြောကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလအတွင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်ချုပ် ဦးမော်သန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ပထမလုပ်ငန်းစဉ် အနေဖြင့် စာရင်း နှင့် စာရင်းစစ်ပြပွဲအား ၂၀၁၆ ခုနှစ် ၊ ဇူလိုင်လ ၉ ရက် နေ့ နှင့် ၁၀ ရက်နေ့တွင် ကျင်းပခဲ့ခြင်း၊ ဒုတိယလုပ်ငန်းစဉ် အနေဖြင့် ပုဂ္ဂလိက ကဏ္ဍရှိ ကုမ္ပဏီများ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာများ၊ လိုက်နာကျင့်သုံးမှုအခြေအနေအား ဆန်းစစ်မေးခွန်းလွှာပြုစု၍ နမူနာကောက်ရွေးချယ်နည်းဖြင့် ရွေးချယ်ကာ လေ့လာစိစစ်ပြုလုပ်သည့် အစီအစဉ်ဆောင်ရွက်ခြင်း၊ တတိယလုပ်ငန်းစဉ်အဖြစ် အစိုးရကဏ္ဍဆိုင်ရာ နိုင်ငံတကာစာရင်းစံများလိုက်နာကျင့်သုံးမှု နှင့် အစိုးရငွေစာရင်း နည်းစနစ်အား ငွေသားစီးဆင်းမှု အခြေခံမှ စေ့ရောက်မှုအခြေခံသို့ အဆင့်ဆင့် ကူးပြောင်း ဆောင်ရွက်ခြင်း ၊ စတုတ္ထလုပ်ငန်းစဉ်အဖြစ် ပုံမှန်စစ်ဆေးရေးအစီအစဉ်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ဌာန၊ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးရှင်းတမ်းစာရင်းစစ်ဆေးခြင်းတို့အားဆောင်ရွက်ခဲ့ခြင်းတို့ဖြစ်ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.