Connect with us

Politics, Law & Military

မတ်လအတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၆၉၇မှုဖမ်းဆီးရမိ

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ)

၂၀၁၇ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံအတွင်း ပြည်နယ်/တိုင်းဒေသကြီးများတွင် မူးယစ်ဆေးဝါးအမှုပေါင်း ၆၉၇ မှု ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုစာရင်းအရ ရှမ်းပြည်နယ်တွင် ၁၅၈ မှုဖမ်းဆီးရမိခဲ့ရာ မတ်လတွင် မူးယစ်ဆေးဝါး အမှုအများဆုံးဖမ်းဆီးရမိသည့် ပြည်နယ်တစ်ခုဖြစ်ခဲ့သည်။ ကချင်ပြည်နယ်သည် ဒုတိယအများဆုံး နေရာတွင် ၁၂၉ မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၁၂ မှု ဖြင့် တတိယအများဆုံး အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ၂မှု၊ ကရင်ပြည်နယ်တွင် ၄၁ မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၈၆ မှု၊ တနသာၤရီတိုင်းဒေသကြီးတွင် ၅၇ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၄ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၅မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၆၀မှု၊ မွန်ပြည်နယ်တွင် ၁၈ မှု၊ ရခိုင်ပြည်နယ်တွင် ၅မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၁ မှု၊ နယ်ခြားစောင့်ရဲမှ ၇ မှုဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)