Connect with us

Politics, Law & Military

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိ

တာချီလိတ်မြို့နယ်အတွင်း သိမ်းဆည်းရမိသော မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့)

ရန်ကုန် ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေ သော ပူးပေါင်းအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးပေါ်မှ ကျပ်သိန်းပေါင်း ၉ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်ခဲ့သည်။

တာချီလတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ရွှေကမ္ဘာကားပြင်ဆိုင်ရှေ့၌ သတင်းအရ လုံခြုံရေးဆောင်ရွက်နေ သော ပူးပေါင်းအဖွဲ့ဝင်များသည် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် တာချီလတ်မြို့တွင်းမှ မောင်းနှင်လာသော လိုင်စင်မဲ့မော်တော်ယာဉ်အား စစ်ဆေးရန်တားမြစ်ရာ ယာဉ်မောင်းမှာ ယာဉ်အားရပ်တန့်ပြီး ထွက်ပြေးသွားခဲ့ကြောင်း ၊ အဆိုပါယာဉ်အားစစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်းရှိ ဆာလာအိတ် ၁၅ အိတ်အတွင်းမှ အိုက်စ် ၃၇၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉ ဘီလီယံကျော်)အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယင်းသိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား တာချီလိတ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.