Connect with us

Politics, Law & Military

မိုးညှင်းမြို့နယ်တွင် ငွေကျပ် သိန်း တစ်သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

မိုးညှင်းမြို့ နယ်တွင် သိမ်းဆည်းရမိသည့် ဘိန်းဖြူများနှင့် အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁၂,၅၄၀ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ ၁၂း၃၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှတပ်ဖွဲ့ဝင်များ၊ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧရာဦးစစ်ဆင်ရေး စီမံချက်ဖြင့် မိုးညှင်းမြို့နယ် မိုးညှင်း-ဝှေခါကားလမ်း နမ့်မွန်းကျေးရွာ အေးရိပ်မွန် လက်ဘက်ရည်ဆိုင်အနီးတွင် မူးယစ်ဆေးဝါးများကိုဝယ်လက်အသွင်ယူ၍ စောင့်ဆိုင်းနေစဉ် လှိုင်မြင့် မောင်းနှင်ပြီး ကိုကိုလင်းမောင် လိုက်ပါသည့် မော်တော်ယာဉ်နှင့် ဇင်မင်းဦး မောင်းနှင်ပြီး လှိုင်ဟန်ထွန်းတို့လိုက်ပါသည့် မော်တော် ယာဉ် နှစ်စီးအားစီးနင်းရှာဖွေရာ ဘိန်းဖြူ ဆပ်ပြာခွက် ၂၂၀ ခွက်စီပါ ဆာလာအိတ် ၅ အိတ် အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၁၀၀ ခွက် (ဘိန်းဖြူ အလေးချိန် ၁၃ ဒသမ ၂ ကီလို ) သိမ်းဆည်း ရမိခဲ့သဖြင့် လှိုင်မြင့် (၃၀)နှစ်၊ ကိုကိုလင်းမောင် (၁၈)နှစ်၊ ဇင်မင်းဦး (၂၂)နှစ် နှင့် လှိုင်ဟန်ထွန်း (၂၁)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.