Connect with us

Politics, Law & Military

တတိယအကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ ရေထိပ်သီးအစည်း အဝေးက ”ရှေ့ဆက်ရမည့် လမ်းစဉ်” ရေဖူလုံရေး ရန်ကုန်ကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်

အာရှ-ပစိဖိတ်ဒေသ ရေထိပ်သီးအစည်း အဝေးကျင်းပစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ ရေထိပ်သီးအစည်း အဝေးက ”ရှေ့ဆက်ရမည့် လမ်းစဉ်” ရေဖူလုံရေး ရန်ကုန်ကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း အဆိုပါ ရေထိပ်သီးအစည်းအဝေးထံမှ သိရသည်။

အဆိုပါ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ”ရှေ့ဆက်ရမည့် လမ်းစဉ်” ရေဖူလုံရေး ရန်ကုန်ကြေညာစာတမ်းကို အာရှ-ပစိ ဖိတ် ဒေသတွင်း နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တက်ရောက်လာ ကြသည့် ကိုယ်စားလှယ်များ၏ တစ်ခဲနက် သဘောတူညီချက်အရ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အတည်ပြု ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

နှစ်ရက်ကြာကျင်းပခဲ့သော ရေထိပ်သီးညီလာလံကြီးသည် အရည်အသွေးနှင့် ဆွေးနွေးမှုများ အောင်မြင်မှုရရှိခဲ့ကြောင်း၊ အစီအမံစီမံကိန်းများချမှတ် နိုင်ရန် သင်ယူနိုင်ခဲ့ပါကြောင်း၊ အရေးပါ သည့်ဆုံးဖြတ်ချက်များချမှတ်နိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်ကပြေကြားသည်။

ယင်း ညီလာခံတွင် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ပန်းတိုင်များကို အောင်မြင်စွာအကောင် အထည်ဖော်ရန် လိုအပ်သော ဘဏ္ဍာရေးဆိုင်ရာအခန်း ကဏ္ဍ၊ ရေနှင့်သက်ဆိုင်သူများအားလုံး ပါဝင်သောဒေသတွင်း မိတ်ဖက်အဖွဲ့ အစည်း များ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် အာရှ-ပစိဖိတ်ဒေသအတွင်း မြစ်ဖျား မှ မြစ်ဝဆီအထိ ပေါင်းစပ်လုပ်ဆောင်နိုင် သော အခွင့်အလမ်းများ စသည့် ခေါင်းစဉ်များကို ပြည်တွင်း၊ ပြည်ပပညာ ရှင်များက ဆွေးနွေးခဲ့ကြသည်။

ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျ ခိုင်မာသည့် လုပ်ငန်းဆောင်ရွက်မှုများ နှင့် နည်းလမ်းများ၊ အဖြေများဆီသို့ ဦးတည်သည့် ဒေသတွင်းရေဖူလုံရေး၊ ရေဘေးအန္တရာယ်လုံခြုံရေးတိုးတက် လာစေရန် ပူးပေါင်းဆောင်ရွက်မှု၊ မိတ် ဖက်ဖြစ်မှုတို့ကို အားပေးမြှင့်တင်ရန်နှင့် အသိပညာများ၊ အတွေ့အကြုံများ မျှဝေ ရန် ရည်ရွယ်ကျင်းပသည့် တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံ (The 3rd Asia – Pacific Water Summit – 3rd APWS )ကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက် နှစ်ရက်ကြာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူတို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံသို့ နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ကိုယ်စားလှယ် ၆ဝဝ ခန့် တက်ရောက် ခဲ့ကြပြီး ပထမအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံကို ဂျပန်နိုင်ငံ၌ လည်းကောင်း၊ ဒုတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံကို ထိုင်းနိုင်ငံ၌ လည်းကောင်း ကျင်းပခဲ့ပြီး ယခုတတိယ အကြိမ်မြောက် ရေညီလာခံကို မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.