Connect with us

Politics, Law & Military

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၂,၅၉၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၂,၅၉၂ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တူမီးသေနတ်တစ်လက် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန် ၂၂ ရက်နေ့ ၀၆း၀၀ နာရီ အချိန် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်မွန်းကျေးရွာရှိ ပွားမောင်၏လယ်တောတဲကိုရှာဖွေရာ ပွားမောင်နှင့်အတူ ဇနီး မခင်ဌေး တို့အား တွေ့ရှိရပြီး တဲအတွင်းရှိ ဆာလာအိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁၆၅ ခွက် (ဘိန်းဖြူ အလေးချိန် ၁.၈၁၅ ကီလို)၊ တဲအနီးရှိကောက်ရိုးပုံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈,၀၀၀ ပြားနှင့် တူမီးလုပ်သေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မခင်ဌေး(၅၅)နှစ်နှင့် ပွားမောင်(၅၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.