Connect with us

Politics, Law & Military

မီဒီယာလုပ်ငန်းများဖွံ့ဖြိုးရေးပြန်ကြားရေးဝန်ကြီးဌာနဆောင်ရွက်လျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၂၅ ရက် (ဆင်ဟွာ)

ပုဂ္ဂလိက မီဒီယာများ တောင်းဆိုနေသည့် သတင်းအချက်အလက်များ ပိုမို ရရှိရေးနှင့် လွတ်လပ်စွာ ရေးသားခွင့်များကို ပြန်ကြားရေးဝန်ကြီးဌာနကအားပေးရန်အဆင်သင့် ရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။

“စာနယ်ဇင်းများ၊ ဆိုရှယ် မီဒီယာများမှာ ဘယ်အတိုင်းအတာအထိ လွတ်လပ်စွာ ရေးသား ပြောဆို တင်ပြ နေကြသလဲ ဆိုတာကို အားလုံး အသိပဲ ဖြစ်ပါတယ်၊ လတ်တလောအနေအထားမှာတော့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေဆဲ၊ ဒီမိုကရေစီ အခြေခံ အဆောက်အအုံတွေ တည်ဆောက်နေဆဲ ကာလဖြစ်လို့ သတင်းရေးသားခွင့်နဲ့ ပတ်သက်ပြီး ငြိစွန်းတာတွေလည်း ရှိပါတယ်၊ ကျွန်တော်တို့ ကတော့ သတင်းအချက်အလက် ပိုမိုရရှိရေးနဲ့ လွတ်လပ်စွာ ရေးသားခွင့်ကို အားပေးဖို့ အဆင်သင့် ရှိနေပါတယ်” ဟု နိုင်ငံတော် အစိုးးရ၏ ဒုတိယ တစ်နှစ်တာ ဆောင်ရွက်မှုများ သတင်းစာ၇ှင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကို တင်ပြရာတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

မီဒီယာ လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး ၎င်းက “အခုအခါမှာ Online media ကို ပြောင်းရွှေ့ လာတဲ့အတွက် ပုံနှိပ် မီဒီယာတွေ အခက်အခဲရှိရတာဖြစ်ပါတယ်၊ ရုပ်သံ မီဒီယာ ဖွံ့ဖြိုးရေးအတွက် ရုပ် သံ ဥပဒေ မပေါ်ထွက်ခင်မှာပဲ ရုပ် သံ လုပ်ငန်း ငါးခုကို လုပ်ပိုင်ခွင့် ပေးခဲ့ပါတယ်၊ အခုဆိုရင် နှစ်ဦးက ထုတ်လုပ်နေပြီး ကျန် သုံးဦးက ဒီနှစ် မကုန်ခင် ထုတ်လွှင့်နိုင်ဖို့ စီစဉ်နေပါပြီ။ ရေဒီယို လုပ်ငန်းတွေ အတွက် လည်း Cherry FM လို ဒေသတွင်း Community radio တွေ လုပ်ကိုင်နိုင်အောင် စီစဉ်နေ ပါပြီ”ဟု ပြောခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း အများပြည်သူ အသိပညာပေးရေး အတွက် စာတမ်းဖတ်ပွဲ များ၊ စာအုပ်ဈေးရောင်းပွဲများ၊ ကလေးစာပေပွဲတော်များ ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၅၀ တစ်ဝိုက် ခန့်က ထုတ်ဝေခဲ့သည့် မြန်မာ့ စွယ်စုံကျမ်းများကို ခေတ်နှင့် လျော်ညီစေရန် revised လုပ်ပြီး စွယ်စုံကျမ်း မူသစ်များ ထုတ်နိုင်ရန် ထွန်းဖောင်ဒေးရှင်းနှင့် ပူးပေါင်း စီစဉ်လျက်၇ှိရာ ပထမတွဲသည် ယခုနှစ်အတွင်း ထွက်လာတော့မည်ဖြစ်ကြောင်း၊ မြန်မာ့ စာပေ သမိုင်းတစ်လျှောက် အလွန်ထင်ရှား ခဲ့သော မြန်မာ့ဂန္တဝင်စာစဉ်များကို အုပ်တွဲပေါင်း ၁၀၀ ထုတ်ဝေရန် စီစဉ်လျက်ရှိရာရှေ့လတွင် အုပ်တွဲ သုံးတွဲ စတင် ထွက်၇ှိမည်ဖြစ်ကြောင်း၊ ပြည်သူ့ စာကြည့်တိုက်များကိုလည်း သာမန် စာကြည့်တိုက် မျိုး မဟုတ်ဘဲ ရပ်ရွာအကျိုး ဆောင်ရွက်နေသူများ သွားလာ ဝင်ထွက် တွေ့ဆုံနိုင်သည့် Community Center များအဖြစ် ဆောင်ရွက်လျက်ရှိရာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် တွဲပြီး ဆောင်ရွက်နေသည့် center ပေါင်း ၁၀ ခု ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ အဆိုပါ စင်တာများတွင် ပြည်သူ့ စကားဝိုင်း (Public talk) အစီအစဉ် ပေါင်း တစ်ရာခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ စာအုပ်ဆွေးနွေးဝိုင်း (Book Club) များကိုလည်း ဆောငရွက်လျက်၇ှိကြောင်း၊ ပြည်သူများ အကြား ဒီမိုကရေစီ အလေ့အကျင့် ထွန်းကား ရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

“ဝန်ကြီးဌာနရဲ့ တာဝန်တစ်ခုဖြစ်တဲ့ ပြည်သူတွေကို ဖျော်ဖြေရေးကဏ္ဍမှာလည်း ငြိမ်းချမ်းရေး ဂီတ ပွဲတော်အဖြစ် အမြို့မြို့အနယ်နယ်မှာ လှည့်ပြီး ဆောင်ရွက်နေပါတယ်၊ ပြီးခဲ့တဲ့ နှစ်ထဲမှာ ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော် ကျင်းပခဲ့ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

နေပြည်တော် သတ္တရသီရိမြို့နယ်၊ ဟိုတယ်ဇုန်(၂) မရောက်မီ ဇဝနရပ်ကွက်၊ မင်္ဂလာအဝိုင်း အနီးတွင် ရုပ်ရှင်ခြံနှင့် ရုပ်၇ှင် သင်တန်းကျောင်း တည်ဆောက်ရန် စီစဉ်လျက်ရှိရာ ဟိုတယ်နှင့် ခရီး ဝန်ကြီး ဌာန၊ သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီ စသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း စီစဉ်လျျက် ၇ှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.