Connect with us

Politics, Law & Military

မူဆယ်မြို့၊ တောင်ရပ်ကွက်၌ လက်လုပ် အသံမိုင်း ၁လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု မရှိ

လက်လုပ် အသံမိုင်း ပေါက်ကွဲမှုအား ရှင်းလင်းခဲ့သည့် အခြေအနေအား တွေ့ ရစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ ကားလမ်းပေါ်၌ စက်တင်ဘာ ၂ ရက်တွင် လက်လုပ် အသံမိုင်း ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန်နှင့်အဆောက်အဦများ ထိခိုက်မှု မရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်မှု အရ သိရသည်။

မူဆယ်မြို့၊ တောင်ရပ်ကွက် အိမ်အမှတ် (တ-၁၀၄) ဦးသိန်းဇော်၏ နေအိမ်ရှေ့ ခြံစည်းရိုး နှင့် အမှတ်(၃) အခြေခံ ပညာ မူလတန်းကျောင်း တို့ကြားရှိ ကားလမ်းပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နေရာ တစ်ဝိုက်အား တပ်မတော် သားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စနစ်တကျ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့အတူ ကွတ်ခိုင်-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ်(၂၇၃)နေရာ၌ မသင်္ကာဖွယ် အရာဝတ္ထု တစ်ခု တွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ တပ်မတော်သားများက သွားရောက်ရှင်းလင်းရာ လမ်း၏ ညာဘက် ပေ ၂၀ ခန့်အကွာ ချုံပုတ်အတွင်းမှ အလျား ၈ လက်မ၊ အနံ ၄ ဒသမ ၅ လက်မခန့်ရှိ အစိမ်းရောင် ရှေ့ထွက်မိုင်း ၁ လုံးတွေ့ရှိသဖြင့် အန္တရာယ်မဖြစ်စေရေး သက်မဲ့ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ထိုရှေ့ထွက်မိုင်းနှင့်အတူ ဆက်စပ်ပစ္စည်းများဖြစ်သည့် လျှပ်စစ်ဒီတို နေတာ ၂ ခု၊ ဓာတ်ခဲ(အသေး) ၅ လုံးပါ ဆားကစ်အုံ ၁ ခု၊ အရှည် ၃ ပေခန့်ရှိ အဝါရောင် ဝါယာကြိုး ၂ ချောင်းတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.