Connect with us

Politics, Law & Military

မူဆယ်မြို့၌ သိန်း၂၀၀ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မူဆယ်တွင် ဖမ်းဆီးရမိသော ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (CCDAC Mynamar)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မူဆယ်မြို့နယ်၊ နမ့်စန်ကျေးရွာ တွင် သိန်း၂၀၀ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၂)(မူဆယ်)မှ ရဲတပ်ဖွဲ့ဝင်များနှင့် နမ့်ခမ်းလှုပ်ရှားအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးသတင်း အရ စက်တင်ဘာလ ၂၅ ရက် နံနက်တွင် သက်သေများနှင့်အတူ မူဆယ်မြို့နယ်၊ နောင်လောင်းကျေးရွာအုပ်စု၊ နမ့်စန်ကျေးရွာနေ၊ ရွယ်ဆိုင်း ၅၀ နှစ် နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ၎င်းအိပ်ခန်းအတွင်းမှ 88/1 ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြား(ဒေသကာလပေါက်ဈေး ငွေကျပ် ၁၅ သိန်း)နှင့် ဘိန်းဖြူ ၁၀ ဂရမ်တို့ကိုလည်းကောင်း၊ နေအိမ်ဘေး အဆောင်စတိုခန်းအတွင်း သိုဝှက်ထား သည့် ဘိန်းဖြူ ဆပ်ပြာခွက် ၉၀ ခွက်၊ အလေးချိန် ၉၉၀ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း ၂၀၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ရွယ်ဆိုင်းအား မူဆယ်မြို့မရဲစခန်း မယ(ပ)၁၁၈/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.