Connect with us

Politics, Law & Military

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန ဖွင့်လှစ်ခဲ့ချိန်မှစ၍ ယခုအထိ အမှုပေါင်း ၁,၄၄၄ မှု နှင့်အတူ တရားခံ၂,၂၀၅ ဦး ဖမ်းဆီးရမိခဲ့

ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများကို ယခုနှစ် ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နားကွင်း၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် မီးရှို့ဖျက်ဆီးနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်မှ ယခု ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်ထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၁,၄၄၄ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ပြီး တရားခံ စုစုပေါင်း ၂,၂၀၅ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 ယင်းဖမ်းဆီးရမိမှုများတွင် ဘိန်းဖြူ ၁၀၉၈၈ ဒသမ ၀၅၀၄ ဂရမ် ၊ ICE ၁၄၈၉ ဒသမမ ၄၂ ဂရမ် ၊ ဘိန်း ၄၇၉၉၅ ဒသမ ၁၇၈၈၆ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၁၄၀၈ ဒသမ ၉၆ ဂရမ် ၊ဘိန်းစာမှုန့် ၅၄၉၃၄ ဒသမ ၄၀ ဂရမ် ၊ ဘိန်းစာရွက် ၅၅၈၅၉၇ ဒသမ ၃၂ ဂရမ်၊ဘိန်းစာရည် ၂ ဒသမ ၅လီတာ ၊စိတ်ကြွဆေးပြား ၆၉၇၈၈၂ ပြား၊ ဆေးခြောက် ၁၄၈၈၃ ဒသမ ၂၀ ဂရမ်၊ဘိန်းရည် ဝ ဒသမ ၁ လီတာ၊ဘိန်းဆီခဲ ၆၄၀ ဒသမ ၂၈ ဂရမ်၊ ဘိန်းစေ့ ၆၀ ဂရမ်၊စိတ်ကြွဆေးပြားအကြေမှုန့် ၆၀ ဒသမ ၁၅ ဂရမ် ၊ Ecstasy အကြေ ၀ ဒသမ ၀၀၁ ဂရမ်တို့အပြင် လက်နက် နှင့် ကျည်ဆံများ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မူးယစ်ဆေးဝါးသတင်းများ နှင့် ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးအရေးယူမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးများ ပိုမိုဖမ်းဆီးရမိနိုင်ရေး နှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ တိုင်ကြားနိုင်သည့် အပြင် ထူးခြားသော ကိစ္စရပ်များ နှင့် ကြီးမားသည့် မူးယစ်ဆေးဝါး ရောင်း/ဝယ်မှု ကိစ္စရပ်များကို နိုင်ငံတော် သမ္မတရုံး၏ “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” တယ်လီဖုန်း/ဖက်စ်ဖုန်း နှင့် အီးမေးလ်လိပ်စာသို့လည်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း အသိပေးထုတ်ပြန်ထား သည်။ (Xinhua)

#မူးယစ်ဆေးဝါး #တိုင်ကြားရေးဌာန #သမ္မတရုံး #ဆင်ဟွာ #Xinhua

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.