Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေး အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး ဟု ဆို

နေပြည်တော် NRPC ၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ်။ (ဓာတ်ပုံ NRPC)

နေပြည်တော်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပခဲ့ပြီး ၎င်း အစည်းအဝေးကို ယနေ့ဆက်လက်ကျင်းပခဲ့ရာ ညနေပိုင်းတွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း NRPC က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ဆွေးနွေးပွဲများ ပြန်လည် ကျင်းပနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များ၊ NCA ရေးထိုးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်းဆဲ ကိစ္စရပ်များဖြစ်သည့် (၈)ကြိမ်မြောက် JICM အစည်းအဝေးနှင့် (၉)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များအား လက်တွေ့ ဆက်လက် အကောင်အထည်ဖော်ရေး၊ ၂၀၂၀ အလွန်အဆင့်လိုက် ရှေ့လုပ်ငန်း စဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၂) နှင့် လမ်းညွှန် အခြေခံမူ သဘောတူညီချက်များအား ဆက်လက် ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်များ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြင်ဆင်ရေးကိစ္စ၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117