Connect with us

Politics, Law & Military

မူးယစ် ဆေးဝါး တိုက်ဖျက်နှိမ်နှင်းရာတွင် ထိရောက်သော ကူညီ ပံ့ပိုးမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရ အဖွဲ့သို တိုက်တွန်းကြောင်း အရေးကြီး အဆို အတည်ပြု

ပြည်သူ့လွှတ်တော် အစည်းအဝေးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

မူးယစ် ဆေးဝါး တိုက်ဖျက်နှိမ်နှင်းရာတွင် ပြည်သူလူထု ပါဝင်လာမှု အပေါ် ကြိုဆို ထောက်ခံရန်နှင့် ဟန့်တား နှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ် ပေးရန် အပြင် ထိရောက်သော ကူညီ ပံ့ပိုးမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရ အဖွဲ့သို့ပြည်သူ့လွှတ်တော်မှ တိုက်တွန်းကြောင်း အရေးကြီး အဆိုအား ယနေ့ဖေဖော်ဝါရီ ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ထိုအရေးကြီးအဆိုအား ဝိုင်းမော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံးက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အမည်စာရင်းတင်သွင်းထားသော လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးက ထောက်ခံ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါးများကို ခွင့်ပြုချက် ရထားသကဲ့သို့ ဈေးတန်းခင်းလျက် ရောင်းချနေပြီး ရေမဆေးကျောက် လုပ်သား ရှစ်သောင်းခန့်တို့ ဆေးစွဲနေကြောင်း၊ မူးယစ်ဆေး ရောင်းသူတစ်ဦး၏ ၅၈ ရက်အတွင်း လိုင်းကြေး ပေးဆောင်ရသည့် ပမာဏမှာ ကျပ်သိန်း ၅၆၈၀ ကျော်ရှိရာ ထိုသူတစ်ဦးတည်းက ဒေသ အာဏာပိုင်များသို့လိုင်းကြေး ပေးသွင်းရငွေမှာ ကျပ် သိန်း တစ်ရာ ကျော် ရှိနေသဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့များ၏ အဂတိ လိုက်စားမှုကို အရေးယူသင့်ကြောင်း ဖားကန့် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်သို့လာရောက်ရှင်းလင်း ဆွေးနွေးခြင်း မရှိခဲ့သဖြင့် လွှတ်တော်၏ အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ခဲ့ပြီး အဆိုရှင်၏ သဘောဆန္ဒအရ လွှတ်တော်၏ အဆုံးအဖြတ် ခဲ့သည်။

အဆိုနှင့် ပတ်သက်၍ ဆန္ဒမဲပေးခွင့် ရှိသူ ၄၃၂ ဦး ရှိသည်အနက် ထောက်ခံ ဆန္ဒမဲ ၃၉၈ ၊ ကန့်ကွက် ဆန္ဒမဲ ၂ ၊ ကြားနေ ဆန္ဒမဲ ၁၀ ဖြင့် အရေးကြီး အဆိုအား အတည်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.