Connect with us

Politics, Law & Military

NCA လက်မှတ်ထိုးပြီးနောက် မတော်တဆ ထိတွေ့မှုဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေးအတွက် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ဟု ထုတ်ပြန်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ စတုတ္ထအကြိမ်အစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MPC)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီစတုတ္ထအကြိမ်အစည်းအဝေး၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး မတော်တဆ ထိတွေ့မှုဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေးအတွက် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထား သော နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နယ်မြေ ဒေသများအတွင်းရှိ ပြည်သူလူထု၏ အသက်၊ အိုးအိမ်နှင့် စည်းစိမ်များအား ထိခိုက်နစ်နာမှု များမရှိစေရန် အောက်ခြေအဆင့်အထိ သိရှိအောင် ဆွေးနွေးရှင်းလင်းခြင်းနှင့် ဖြစ်ပွားလာပါ ကလည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သဘောတူညီချက်များ အတိုင်း ထိရောက်စွာ အရေးယူအပြစ်ပေးခြင်းများ ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေးရရှိရန် တည်ဆောက်ဆဲကာလဖြစ်သည့် အတွက် သဘောတူထားသောငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များမှ မသွေဖည်ဘဲ အရှိန် အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်လိုက်သည်။

ပစ်ခတ်တိုက်ခိုက်မှု့ ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ စတုတ္ထ အကြိမ် အစည်းဝေး ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စတင်ပြီး ယနေ့ထိ သုံးရက်ကြာဆွေးနွေးပြီး ယနေ့ ထုတ်ပြန်ချက်ထုတ်လိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.