Connect with us

Politics, Law & Military

အစိုးရ တာဝန် မလွှဲပြောင်းမီ နိုင်ငံပိုင် စီမံကိန်း လုပ်ငန်း သယံဇာတများ အလျင်အမြန် စီမံခန့်ခွဲနေမှုများအား စိစစ် ဟန့်တား ထိန်းကျောင်း တည့်မတ်ပေးရန် အရေးကြီး အဆို လွှတ်တော် ၌ ဆွေးနွေးမည်

ပြည်သူ့လွှတ်တော် အစည်းအဝေးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အစိုးရ တာဝန် မလွှဲပြောင်းမီ နိုင်ငံပိုင် စီမံကိန်း လုပ်ငန်း သယံဇာတများအား အလျင်အမြန် စီမံ ခန့်ခွဲနေမှု တို့ကို နိုင်ငံတော် နှင့် နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ် စိစစ် ဟန့်တား၍ ထိန်းကျောင်း တည့်မတ် ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုအား လွှတ်တော်၌ ဆက်လက် ဆွေးနွေး သွားရန် ယနေ့ဖေဖော်ဝါရီ ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ထိုအရေးကြီး အဆိုအား ပုလဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ ၊ နိုင်ငံပိုင်စက်ရုံများ ၊ နိုင်ငံပိုင် စီးပွါးရေးလုပ်ငန်းများကို အလျင်စလို ဌားရမ်း လွှဲပြောင်းရောင်းချနေမှု ၊ ပုဂ္ဂလိကပိုင် ပြုလုပ်မူ ၊ စီမံကိန်းများကို နေရာတကျမစီမံပဲ အဆောတလျင်ခွင့် ပြုနေမူ ၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု ၊ နိုင်ငံပိုင် သယံဇာ များကို လိုအပ်သော ဆောင်ရွက်မှု များသဘောတူညှိနှိုင်းမူများ မပြု လုပ်ပဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေ မှု စသည်တို့ကို နိုင်ငံတော် နှင့်နိုင်ငံသားတို့အကျိုးအတွက် အသေးစိတ် စိစစ် ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆို တင်သွင်းရခြင်း ဖြစ်ကြောင်း သိရသည်။

ထို အရေးကြီး အဆိုအား ဆိပ်ကြီး ခနောင်တို မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းလှိုင်က ထောက်ခံခဲ့သဖြင့် လွှတ်တော်၏ သဘောဆန္ဒရယူခဲ့သည်။

အရေးကြီးအဆိုနှင့် ပတ်သက်၍ ဆန္ဒမဲပေးခွင့် ရှိသူ ၄၃၂ ဦး ရှိသည့် အနက် ထောက်ခံ ဆန္ဒမဲ ၂၇၈ ၊ ကန့်ကွက် ဆန္ဒမဲ ၁၃၂ ၊ ကြားနေ ဆန္ဒမဲ ၃ ဖြင့် အဆိုအား ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.