Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ တရားမဝင်ပို့ဆောင်မည့် စီးကရက်ပုံးများ ဖမ်းမိ

တရားမ၀င်ပို့ဆောင်မည့် စီးကရက်စက္ကူပုံးများအား တွေ့ရစဉ်(ရဲဇာနည်)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တရားမဝင်ပို့ဆောင်ရန် သယ်ဆောင်လာသော စီးကရက်စက္ကူပုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

အောက်တိုဘာလ၂၀ရက် ည ၉ နာရီတွင် မောင်တောမြို့နယ်မြောက်ပိုင်း၊ နယ်မြေ(၂)၊ တမန်းသားရဲကင်း စခန်းနယ်မြေအတွင်း ရဲတပ်ဖွဲ့ဝင်များနယ်မြေစိုးမိုးရေး လှည့်ကင်းဆောင်ရွက်နေစဉ်သက်ကိုင်ညာကျေးရွာမှ တမန်းသားကျေးရွာသို့ ပြူးမချောင်းရိုးအတိုင်းအထုပ်အပိုးများသယ်ဆောင်လာသောအမျိုးသား ၁၀ ဦး(စိစစ်ဆဲ)အားတွေ့ရှိ၍ ရပ်တန့်ရန်ပြောဆိုရာရပ်တန့်ခြင်းမရှိသဖြင့် BA-63 သေနတ်ဖြင့် ၂ ချက် သတိပေးပစ်ခတ်ခဲ့သောရာ ၎င်းတို့မှာ အထုပ်အပိုးများအားပစ်ချထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အထုပ်အပိုးများအား စစ်ဆေးခဲ့ရာတစ်ဖက်နိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှပို့ဆောင်မည့် Marble တံဆိပ်ပါ စီးကရက်စက္ကူပုံးကြီး၁၈ ပုံး၊ Man San တံဆိပ်ပါ စီးကရက်စက္ကူပုံးကြီး၂ ပုံး၊ စုစုပေါင်းတန်ဖိုး၂,၃၆၀,၀၀၀ ကျပ်ခန့်အားပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်း ပစ္စည်းများပို့ဆောင်သူများအား အောင်ဇူနယ်မြေရဲစခန်း (ပ)၁၀/၂၀၁၈၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် အမှုအရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.