Connect with us

Agriculture

မောင်တောမြို့ရှိ ကိုင်းကြီးဆည် ၈၅ ရာခိုင်နှုန်းပြီးစီး

ကိုင်းကြီးဆည် တည်ဆောက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်အတွင်းရှိ ကိုင်းကြီးကျေးရွာရှိ ကိုင်းကြီးဆည်သည် ၈၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကိုင်းကြီးဆည်ကို မတ်လအတွင်း အပြီးတည်ဆောက်နိုင်ရန် လျာထားကြောင်း၊ ကိုင်းကြီးဆည်ကို ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယင်း ဆည်တည်ဆောက်မှုပြီးစီးလျှင် နွေစပါး ဧက ၁၀၀အတွက် ဆည်ရေရရှိမည်ဖြစ်ပြီး အနီးရှိ ရွာများကိုလည်း ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုင်းကြီးဆည်စီမံကိန်းအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သန်း ၃၀၀အကုန်ကျခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.