Connect with us

Politics, Law & Military

မော်လိုက် မြို့နယ် ဖုန်းသုန်း ကြိုးဝိုင်း အတွင်း တရားမဝင်သစ်များ နှင့် သစ်ခွဲစက်များ ဖမ်းဆီးရမိ

ဖုန်းသုန်း ကြိုးဝိုင်း အတွင်း တရားမ၀င်သစ်များ နှင့် သစ်ခွဲစက်များအား ဖမ်းဆီးရမိခဲ့စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာ အရှေ့တောင်ဘက် ဖုန်းသုန်း ကြိုးဝိုင်း အတွင်း တရားမဝင်သစ်များ ခိုးထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိ သဖြင့် သွားရောက် ဖမ်းဆီး ရှာဖွေရာ တရားမဝင်သစ်များ၊ သစ်ခွဲ စက်များနှင့် ဆက်စပ် ပစ္စည်းများအား ဖမ်းဆီး ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုဖုန်းသုန်း ကြိုးဝိုင်း အတွင်း ရှာဖွေဖမ်းဆီး ရရှိမှုတွင် တရားမဝင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ (၃၂၀)ချောင်း (၂.၇၆၈၆)တန်၊ တရားမဝင် ကျွန်းသစ်လုံး(၁၄)လုံး (၃.၅၄၈) တန်နှင့် သစ်ခွဲရာတွင် အသုံးပြုသည့် လွှစက်များ၊ ခိုင်းကျွဲ (၄)ကောင် ကျန်ဆက်စပ် ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စုစုပေါင်း ဖမ်းဆီးရမိသည့် တရားမဝင်သစ်များနှင့် ဆက်စပ် ပစ္စည်းများ၏ ကာလ တန်ဖိုးမှာ ၆၈၉၇၀၄၀ ကျပ်ခန့် ဖြစ်ကြောင်း သိရသည်။

ထိုတရားမဝင်သစ်များ နှင့် သစ်ခွဲစက်များအား မော်လိုက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးသန့်၊ ခမရ (၃၆၅) မှဗိုလ်မှူးဇော်သူလွင်၊ တောအုပ်ကြီး ဦးမြင့်တင်နှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်သူစိုးတို့ ဦးဆောင်သည့် ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် သက်သေ များနှင့် အတူ ရှာဖွေ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ပြီး တရားခံများအား ဖမ်းဆီး ရမိရေးနှင့် ကျန် ဆက်စပ်မှု များကိုလည်း ဆက်လက်ရှာဖွေဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.