Connect with us

Politics, Law & Military

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်စိစစ် လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ

နေရပ်စွန့်ခွာ သွားသူများ ပြန်လည်စိစစ် လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- MOFA)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်စိစစ် လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူကလည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မိုဟာမက် ရှာဟီဒူလ် ဟတ်ခ်က လည်းကောင်း ဦးဆောင်ဆွေးနွေးညှိနှိုင်းခဲ့ပြီး Physical Arrangement for Repatriation of Displaced Myanmar Residents from Bangladesh under the Arrangement on Return of the Displaced Persons from Rakhine State ကို နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ Physical Arrangement အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာဘက်၌ ကုန်းလမ်းမှ ပြန်လည် ဝင်ရောက်လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ရေလမ်းမှ ပြန်လည် ဝင်ရောက်လာမည့်သူများအတွက် ငါးခူရယာယီလက်ခံရေးစခန်းကိုလည်းကောင်း၊ ကြားစခန်း အဖြစ် လှဖိုးခေါင် စခန်းကိုလည်းကောင်း အသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်၌ ကြားစခန်း (၅)ခုကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး မြန်မာဘက်၌ ယာယီလက်ခံရေးစခန်းတစ်ခုစီတွင် တစ်ပတ်လျှင် (၅)ရက် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.