Connect with us

Politics, Law & Military

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထပ်မံခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး ကျင်းပနေစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂ဝ၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထပ်မံခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြုမိန့်သုံးခုနှင့် အတည်ပြုမိန့်နှစ်ခု ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူက တင်ပြလာသော ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် လျှောက်ထား လွှာများအား စိစစ်ခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရရှိပြီးသော ကုမ္ပဏီများမှ တင်ပြလာသည့် အထွေထွေကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေး စိစစ်မှုပြုရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂ဝ၁၈) ကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၂၅ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)