Connect with us

Politics, Law & Military

မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ အကြား လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီးတို့ တွေ့ဆုံစဉ်(သမ္မတရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ အကြား လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. General To Lam ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ အကြား လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ လေကြောင်းပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပိုမိုဆောင်ရွက်ရေး၊ အဆင့်မြင့်ကိုယ်စားလှယ်များ၏ အပြန်အလှန် ခရီးစဉ်များ တိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)