Connect with us

Politics, Law & Military

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မြေပြင်လှည့်ကင်းများ ဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကင်းလှည့်မှုဆောင်ရွက်နေစဉ်(MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၀)မှ(၄၁)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်မှ ၁၂ နာရီ ၄၅ မိနစ် အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၂)၊ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးရံ့ချောင်း ကင်းစခန်းမှ ဒုတိယရဲမှူး အောင်ကျော်ကျော် ဦးစီးသည့် တပ်ဖွဲ့ဝင်အင်အား(၁၅)ဦး၊ စကားပြန်(၁)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) BGB တပ်ရင်း Gorjonbuniya ကင်းစခန်းမှ Naib Subedar Md. Sultan Ahmad ဦးစီး(၁၅)ဦးတို့သည် နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း ကင်းလှည့်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၁ နာရီ ၂၅ မိနစ်မှ ၁၂ နာရီအချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၁)၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ မှတ်တိုင်(၅၁-ခွဲ) ကင်းစခန်းမှ ဒုတိယရဲအုပ် ညွန့်ဝင်း ဦးစီး သည့် တပ်ဖွဲ့ဝင်(၂၀)ဦး၊ စကားပြန်(၁)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Panchari ကင်းစခန်းမှ Naib Subedar Md. Salim Miah ဦးစီးသည့်(၁၅)ဦး၊ စကားပြန်/ လမ်းပြ(၄)ဦးတို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် (၅၁/၅)မှ (၅၂)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.