Connect with us

Politics, Law & Military

ယာယီသက်သေခံလက်မှတ် ကိုင်သူများ မဲပေးခွင့်ရှိဟု ပြည်ထောင်စု လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ပြည်လုံးကျွတ် ဆန္ဒခံယူပွ ဲဥပဒေတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများ မဲပေးခွင့်ရှိသည်ဟု ဖေဖော်ဝါရီ ၂ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်က ပြင်ဆင် အတည်ပြုလိုက်သည်။

နိုင်ငံတော် သမ္မတ အတည်ပြုထားသော ယာယီသက်သေခံ လက်မှတ်ကိုင်သူများ မဲပေးခွင့် ရှိသည်ဟုသော အဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသမှ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ ထောက်ခံခဲ့သဖြင့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူများပါ မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင် ထားသူများ မဲပေးခွင့်ကို ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့သည်။

ပြည်ထောင်စု လွှတ်တော်က ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့် မပြုရန် အရင် ဆုံးဖြတ်ခဲ့သည် ဖြစ်၍ သမ္မတ အနေနှင့် White Card ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုသင့်ကြောင်း သဘောထား မှတ်ချက်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် ပေးပို့ ခဲ့သည်။

ပြည်ထောင်စု လွှတ်တော်၌ ပြန်လည်ဆွေးနွေးရာတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့် ရရှိရေးအဆိုကို လွှတ်တော် ကိုယ်စားလှယ် (၄၀) ရာခိုင်နှုန်းက ကန့်ကွက်ခဲ့၍ သမ္မတ၏ သဘောထားမှတ်ချက်ကို လက်ခံသော ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် (၆၀) ရာခိုင်နှုန်းခန့်ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်က သမ္မတ၏ မှတ်ချက်အတိုင်း အတည်ပြုနိုင်ခဲ့သည်။ (Xinhua)