Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မော်တော်ယာဉ်တစ်စီး မိုင်းနင်းပေါက်ကွဲမှုဖြစ်ပွား ၊ လူ ၃ ဦးသေဆုံး

မိုင်းနင်းမိပေါက်ကွဲမှု ဖြစ်ပွါးခဲ့သည့် မော်တော်ယာဉ်အား တွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ယနေ့ နိုဝင်ဘာ ၁၇ ရက် နေ့လည်ပိုင်းတွင် မော်တော်ယာဉ် တစ်စီးသည် ဒေသန္တရလက်လုပ်နင်းမိုင်း နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါရှိသူ ၃ ဦး သေဆုံးခဲ့ကြောင်း နှင့် ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ်၊ သာယာကုန်းကျေးရွာမှ မောင်းနှင်လာသော NOAH အမျိုးအစား အနက်ရောင်မော်တော်ယာဉ် ၁ စီးသည် လိပ်ရလမ်းဆုံအနီးအရောက်၌ ဒေသန္တရလက်လုပ်နင်းမိုင်းအား နင်းမိပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၉ ဦးအနက် ၃ ဦးမှာ မိုင်းပေါက်ကွဲမှုကြောင့် ယင်းနေရာ၌ပင် သေဆုံးခဲ့ပြီး ကျန် ၆ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာအနီးတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲဝင်များ သွားရောက်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများအား လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး မောင်တောမြို့နယ်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ (Xinhua)