Connect with us

Politics, Law & Military

ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်ကို လိုအပ်ပါက ညနေ ၄ နာရီ နောက်ပိုင်းထိ တိုးပေးမည်ဟုဆို

မဲပေးခြင်း သရုပ်ပြ စမ်းသပ်လေ့ကျင့်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်

နေပြည်တော်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အထွေထွေရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် နံနက် ၆:၀၀ နာရီမှ ညနေ ၄:၀၀ နာရီဟူ၍ သတ်မှတ်ထားသည့် မဲပေးချိန်ကို လိုအပ်ပါက ညနေပိုင်းတွင် ၄ နာရီ နောက်ပိုင်းထိ ထပ်တိုး ကောင်း တိုးပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ယနေ့ နေ့လယ်ပိုင်း၌ ပြောကြားခဲ့သည်။

“Stay at Home ရှိတဲ့နေရာမှာ အသက် ၆၀ အထက် လူကြီးသူမတွေကိုတော့ သွားရေး လာရေး ကျန်းမာရေး လွယ်ကူအောင် ကြိုတင်မဲ ပေးဖို့စီစဉ်ထားပါတယ်၊ ကြိုတင်မဲက နှစ်ရက်လည်း ရှိတယ်၊ ၁၀ ရက် ကြိုတင်မဲလည်း ရှိတယ်၊ သူတို့အတွက် အဲဒီနည်းနဲ့ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

မဲပေးခြင်း သရုပ်ပြ စမ်းသပ်လေ့ကျင့်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက မီဒီယာသို့ ဖြေကြားနေစဉ်(ဆင်ဟွာ)

အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာတွင် COVLD-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ရမည်ဟု စံလုပ်ငန်း လမ်းညွှန် (SOP) အတိုင်း၊ ဥပမာ မဲပေးသူများ မဲရုံသို့ ရောက်သည့်အခါ social distancing နေရာယူခြင်း၊ လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ လိုအပ် သည့် ကျန်းမာရေး လက်အိတ်များ၊ mask များ တပ်ဆင်စေခြင်း စသည်တို့ကို ဆောင်ရွက် သည့်အခါ အဆင်ပြေမှု ရှိ မရှိ၊ မဲရုံ ဝန်ထမ်းများပါ အဆင်ပြေမှု ရှိမရှိ၊ စသည်တို့ကို စမ်းသပ် လေ့ကျင့်ခြင်း၊ စိစစ် လမ်းညွှန် ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်ရန် မဲရုံ၌ မဲပေးခြင်း သရုပ်ပြမှုကို ယနေ့ပြုလုပ်ရခြင်း ဖြစ် ကြောင်း၊ ယခု အ ထ က (၅) တွင် လွှတ်တော် နှစ်ရပ်သာ ရှိသည့် ပြည်ထောင်စု နယ်မြေ နေပြည် တော်၌ ပြုလုပ်မည့် မဲရုံ ပုံစံနှင့် တိုင်းရင်းသား လူမျိုး လွှတ်တော် အပါအဝင် လွှတ်တော် သုံးရပ် ရှိ သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်မည့် မဲရုံ ပုံစံ ဟူ၍ နှစ်မျိုး ပြင်ဆင် ထားရှိကာ စမ်းသပ် လေ့ကျင့် စိစစ် ပြင်ဆင်ကြမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ရှိ မဲရုံများကို နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်၊ ဇေယျ သိဒ္ဓိ ရပ်ကွက် မဲရုံ အမှတ်(၁) တွင် ဆောင်ရွက်မည့် ပုံစံအတိုင်း ဖြစ်ရေး အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်ပိုင်းတွင် အ ထ က (၅) ကျောင်းဝင်း အတွင်းရှိ အဆိုပါ မဲရုံ အမှတ်(၁) သို့ လာရောက် စစ်ဆေးကာ လိုအပ်ချက်များအား ညွှန်ကြားခဲ့ကြောင်း၊ ယနေ့ သရုပ်ပြပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ နေပြည်တော် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ ရုံး ဝန်ကြီးဌာနတို့မှ ဝန်ထမ်း ၅၀တို့က ပါဝင် သရုပ်ပြခဲ့ကြောင်း၊ နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ညွှန်ကြားချက်များအား မှတ်သားကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက် ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.