Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ ပင်လောင်း၊ ဟိုပုန်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများအား ဖျက်ဆီး

ဘိန်းခင်း ဖျက်ဆီးနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- ရဲဇာနည်)

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ ပင်လောင်း၊ ဟိုပုန်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများအား ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ငုပလိုငံကျေးရွာ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၁၂)ဧကခန့်အား ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လင်းနိုင် ဦးစီးသည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း၊ လတိန်ကျေးရွာတောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၁၂)ဧကခန့်အား ဖယ်ခုံမြို့မရဲစခန်းမှူး ဒုတိယ ရဲမှူး သိန်းဆွေ ဦးစီးသည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ ပင်လောင်းမြို့နယ်၊ ဝါးလီးကျေးရွာ အရှေ့ဘက် ၁ မိုင်ခွဲခန့် အကွာ၌ အမြင့် ၂ ပေခွဲရှိ ဘိန်းစိုက်ခင်း(၂၁.၅)ဧကခန့်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူး ဝင်းကျော်ရီ ဦးစီးသည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း၊ ဟိုပုန်းမြို့နယ်၊ ပန်းကုလားကျေးရွာ တောင်ဘက် ၄ ဖာလုံခန့် အကွာ၌ အမြင့် ၃ လက်မခန့်ရှိ ဘိန်းစိုက်ခင်း(၂၇)ဧကခန့်အား ဟိုပုန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကိုဦး ဦးစီးသည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဆီဆိုင် မြို့နယ်၊ ဒုံပင်ညှိကျေးရွာ အနောက်မြောက်ဘက် ၁ မိုင်ခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၈)ဧကခန့်အား ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးသည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.