Connect with us

Politics, Law & Military

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁,၂၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား အိုက်စ်များ နှင့် အတူတွေ့ရစဉ် (ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁,၂၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ ၁ရး၅၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းဖုံး(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိုင်းလုံ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်တူးဘောက်စ်အတွင်းမှ အိုက်စ် ၆ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းလုံ(၃၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.