Connect with us

Politics, Law & Military

လွှတ်တော်ကိုယ်စားလှယ်များ ရည်မှန်းသည်ထက် နှစ်ရက်စောပြီး ပြန်ကြရမည်

လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုရာ စည်ပင်ဧည့်ရိပ်သာ ၂ ပင်မဂိတ်ကို တွေ့ရစဥ်။ (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

တတိယအကြိမ် လွှတ်တော် အစည်းအဝေးများ တက်ရောက်ရန် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၂ ၌ တည်းခိုနေကြသည့် လွှတ်တော်ကိုယ်စားလှယ်အများစုသည် မိမိတို့နေရပ်သို့ ဖေဖော်ဝါရီ ၆ ရက်တွင် အတူပြန်ကြရန် စီစဥ်ထားသော်လည်း နှစ်ရက်စောကြီး ပြန်ကြမည် ဖြစ်ကြောင်း လှိုင်းဘွဲ့ မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ဆင်ဟွာသို့ ပြောကြားသည်။

“၂၄ နာရီအတွင်း ပြန်ကြရမယ်လို့ တပ်က မနက်တုန်းက အဆောင်တွေမှာ လိုက်ပြောတယ်၊ အခု ပစ္စည်းတွေ သိမ်းနေကြပြီ၊ ပစ္စည်းများတဲ့သူတွေ၊ ကားမပါလာတဲ့သူတွေကို နေအိမ်ရောက်တဲ့အထိ တပ်က ကားနဲ့ ပို့ပေးမယ်လို့လည်း ပြောပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ နေအိမ်သို့ပြန်ခွင့်ပြုကြောင်းကို တပ်မတော်က ဖေဖော် ဝါရီ ၂ ရက် ၊ နေ့လယ်ပိုင်းတည်းက ပြောခဲ့ရာ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များက ဖေဖော်ဝါရီ ၆ ရက် မှ နေရပ်ပြန်ကြရန် စီစဥ်ထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.