Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၇.၅၉ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ.၄၉ သန်းကျော် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အားစိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--CCDAC Myanmar)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တို့တွင် ငွေကျပ် ၇.၅၉ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ.၄၉ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ ဖေဖော်ဝါရီ ၂ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၁၀ နာရီခွဲအချိန် ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာအနီး ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပြည်ဘက်မှ တောင်ကုတ်ဘက်သို့ သိန်းဝင်း ၄၂ နှစ်မောင်းနှင်ပြီး ထွန်းလှိုင် ၄၅ နှစ်လိုက်ပါလာသည့် MITSUBISHI CANTER မော်တော်ယာဉ်ကိုစစ်ဆေးရာ မော်တော်ယာဉ်နောက်ခန်းကြမ်းခင်းအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁.၄၅ သန်းကျော်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ စတင်သယ်ဆောင်လာသည့် မှော်ဘီမြို့နယ်၊ ရေကျော်ကျေးရွာရှိ ရွှေသန်း ၄၃ နှစ်၏နေအိမ်ခြံဝင်းအား ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁ နာရီခွဲတွင် စစ်ဆေးရှာဖွေရာ ရွှေမင်းသိန်း ၄၆ နှစ်၊ အောင်ကျော်လင်း ၄ဝ နှစ်၊ ဇော်မောင်ဦး(ခ)မောင်မောင် ၃ဝ နှစ်တို့နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၉.ဝ၄ သန်း၊ မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ပို့ပေးခဲ့သူများဖြစ်သည့် မြတ်ကို ၃၈ နှစ်နှင့် ခိုင်ဦး ၂၉ နှစ်တို့အား ယင်းနေ့ ညနေ ၇ နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်မင်းခေါင်လမ်းရှိ ဟိုတယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၀ ပြား၊ အိုက်စ်(မက်သ်အဖက်တမင်း) ဝ.၃ ဂရမ်၊ ဆေးခြောက် ၁ ဂရမ်၊ မော်တော်ယာဉ် ၂ စီးတို့ဖြင့်လည်းကောင်း၊ ဇန်နဝါရီလ ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီအချိန်တွင် မြင့်ကိုကို ၂၇ နှစ်အား ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁ဝ)၊ ခွာညိုလမ်းရှိနေအိမ်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းဖမ်းဆီးရမိသူတို့အား စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်သို့သယ်ဆောင်ပြီး ရန်ကုန်မှ တစ်ဆင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.