Connect with us

Politics, Law & Military

လွှတ်တော်၏ အဓိက တာဝန်ဖြစ်သည့် ဥပဒေ ပြုရေးနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး တာဝန် များကို စတင် ထမ်းဆောင်နိုင်ရန် ပြည်သူ့လွှတ်တော် ကော်မတီများ ဖွဲ့စည်းရေး ဆောင်ရွက်

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ဒုတိယနေ့ အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

လွှတ်တော်၏ အဓိက တာဝန်ဖြစ်သည့် ဥပဒေ ပြုရေးနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး တာဝန် များကို စတင် ထမ်းဆောင်နိုင်ရန် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ ငွေစာရင်း ကော်မတီ ဖွဲ့စည်းရေး တို့အား ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ဒုတိယနေ့ဖေဖော်ဝါရီ ၄ ရက်တွင် ဆောင်ရွက်ခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဥပဒေကြမ်းကော်မတီတွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင် ဦးရေ ၊ အမည် စာရင်းများကို ပြည်သူ့လွှတ်တော်သို့တင်ပြခဲ့ရာတွင် ဥပဒေကြမ်းကော်မတီအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ပြီး ကော်မတီ ဥက္ကဋ္ဌ အဖြစ် နောင်ချို မဲဆန္ဒနယ်မှ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် ၊ အတွင်းရေးမှုး အဖြစ် ကျိုင်းတုံ မဲဆန္ဒနယ်မှ ဦးစတီဖန်တို့အား တာဝန်ပေးအပ် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ဒုတိယနေ့ အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

ထိုအတူ ပြည်သူ့ငွေစာရင်းကော်မတီအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ပြီး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဇလွန် မဲဆန္ဒနယ်မှ ဦးအောင်မင်း အားလည်းကောင်း ၊ အတွင်းရေးမှုး အဖြစ် တောင်ငူ မဲဆန္ဒနယ်မှ ဦးခင်မောင်သန်း တို့အား တာဝန်ပေးအပ် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးတီခွန်မြတ်က ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ငွေစာရင်း ကော်မတီ တို့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍လည်း လွှတ်တော်သို့ရှင်းလင်း ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေတို့အရ ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ငွေစာရင်းကော်မတီ ၊ လွှတ်တော် အခွင့်အရေး ကော်မတီ နှင့် အစိုးရ၏ အာမခံချက်များ ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးရမည် ဖြစ်သည်။

ကော်မတီ ၄ ရပ်၏ သက်တမ်းသည် လွှတ်တော်၏ သက်တမ်းနှင့် အညီ ငါးနှစ် ဖြစ်ပြီး ဥက္ကဋ္ဌ အနေဖြင့် ကော်မတီ၏ သက်တမ်း တစ်နှစ်ပြည့်မြောက်သည့် အခါ ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျှော်သလို လဲလှယ် အစားထိုး တာဝန် ပေးအပ်နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.