Connect with us

Politics, Law & Military

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ တည်ဆဲ ဥပဒေများနှင့် အညီ ကာကွယ်ပေးစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira တို့တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ- Senior General Min Aung Hlaing Facebook)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ကာကွယ် ပေးစေ လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira နှင့် ဖေဖော်ဝါရီလ ၃ ရက်က တွေ့ဆုံဆွေးနွေး ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး ၊ ထာဝရငြိမ်းချမ်းရေး များအား ဆွေးနွေးပြောကြားခဲ့သည့် အပြင် ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမား များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်မှုများအတွက် နိုင်ငံတော်နှင့် နိုင်ငံသားများကိုယ်စား ကျေးဇူး တင်ရှိကြောင်း၊ တွေ့ကြုံရမည့် အခက်အခဲများကိုလည်း အောင်မြင်စွာကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း၊ တည်ဆဲဥပဒေများနှင့်အညီ ကာကွယ်ပေးစေလိုကြောင်း၊ လက်ရှိထိုင်းနိုင်ငံအစိုးရ၏ ဒေသ တည်ငြိမ် အေးချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ နားလည် ထောက်ခံ ပါကြောင်း၊ အောင်မြင်မှု ရရှိစေလိုပါကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်၌ တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira တို့တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ- Senior General Min Aung Hlaing Facebook)

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ပတ်သက်၍လည်း အတတ်နိုင်ဆုံး ကူညီစောင့်ရှောက် သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.