Connect with us

Politics, Law & Military

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးစဉ်(နိုင်ငံတော် အတိုင်ပင်ခံရုံး)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့တို့သည် ယနေ့တွင် နေပြည်တော် ရွှေစံအိမ်ဟိုတယ်၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၃နှစ်ပြည့်နေ့ဖြစ်သည့် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ထိုးတိုင်းရင်းသားတပ်ဖွဲ့ ၁၀ ခုမှ ခေါင်းဆောင်များ သီးသန့် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ အစည်းအဝေးဖွင့်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးတို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွင်း တစ်ဆို့နေသည့် ကိစ္စ၊ တပ်မတော်ဘက်က အဆိုပြုထားသည့် တပ်မတော်ကိစ္စ၊ ၂၀၁၉ခုနှစ်အတွင်း (၂၁)ရာစု ပင်လုံဆက်လက် ကျင်းပနိုင်ရေးကိစ္စ၊ ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများကိစ္စ ၊နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် ဆွေးနွေးမှုပုံစံ ပိုမိုလွယ်ကူအောင် ဆောင်ရွက်နိုင်ရေးကိစ္စနှင့် တခြားကိစ္စများကို အလွတ်သဘောညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေအနေဖြင့် နိုင်ငံအတွက် အရေးကြီးသည့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် စစ်မြေပြင်၌ တိုက်ခိုက်ရန် သတ္တိလိုသလို နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်ရေးအတွက်လည်း သတ္တိလိုကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိက တစ်ဆို့မှုသည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲမထွက်ရဆိုသည့် အမြင်ပေါ် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၊အစိုးရနှင့် တပ်မတော်ကြားတွင် အမြင်ကွာဟမှုများရှိနေကြောင်း၊ ယင်းအချက်ကို အားလုံး လက်တွေ့ကြကြ ဖြေရှင်းရန် လိုအပ်ကြောင်း PPST အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအစည်းအဝေးကို အောက်တိုဘာ ၁၅ရက်မှ ၁၇ ရက်ထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.