Connect with us

Politics, Law & Military

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ နိုဝင်ဘာ လဆန်းတွင် ကျင်းပနိုင်ရေး မူများ ညှိနှိုင်းရရှိ

ပဉ္စမ အကြိမ် နိုင်ငံရေးဆွေးနွေးမူ့ဆိုင်ရာ မူဘောင် သုံးသပ်ခြင်း အစည်းအဝေး ကျင်းပနေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ- Hla Maung Shwe)

ရန်ကုန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား နိုဝင်ဘာ လဆန်းခန့်တွင် ကျင်းပနိုင်ရေး မူများအား ပဉ္စမ အကြိမ် နိုင်ငံရေးဆွေးနွေးမူဆိုင်ရာ မူဘောင် သုံးသပ်ခြင်း အစည်းအဝေးတွင် ညှိနှိုင်းရရှိခဲ့ကြောင်း အစည်းအဝေးသို့အစိုးရ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည့် ဦးလှမောင်ရွှေထံမှ သိရသည်။

ပဉ္စမ အကြိမ် နိုင်ငံရေးဆွေးနွေးမူ့ဆိုင်ရာ မူဘောင် သုံးသပ်ခြင်း အစည်းအဝေးတွင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လုပ်နိုင်ရေး မှုများအား ညှိနှိုင်း ရရှိခဲ့ပြီး နိုဝင်ဘာ လဆန်းခန့်တွင် လူမျိုး အလိုက် ၊ အကြောင်းအရာ အလိုက် ၊ ဒေသ အလိုက် အခြေခံသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)မှ ပြဌာန်းသည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး တို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ၎င်းထံမှ သိရသည်။

ပဉ္စမ အကြိမ် နိုင်ငံရေးဆွေးနွေးမူ ဆိုင်ရာ မူဘောင် သုံးသပ်ခြင်း အစည်းအဝေးအား အစိုးရ ကိုယ်စားလှယ်များ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ ၊ ပါတီ အစုအဖွဲ့ကိုယ်စားလှယ်များ ပါဝင်၍ စက်တင်ဘာ ၁၆ ရက်မှ စ၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးခွဲ၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှု မူဘောင်သုံးသပ်ချက်အဖြစ် NCA စာချုပ်ပါ အခန်း ၄ အား ပြန်လည်သုံးသပ်ဆွေးနွေး၍ သဘောတူညီမူ ရရှိခဲ့ပြီး အခန်း ၅ တွင် ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက် များကိုလည်း ဆွေးနွေး၍ အများစုကို သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။(Xinhua)