Connect with us

Politics, Law & Military

နိုင်ငံခြားသား အကျဉ်းသား ၅၁ဦးအား လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး

နိုင်ငံခြားသား အကျဉ်းသားများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသော အမိန့်စာအား တွေ့ရစဉ် (ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုရာတွင် နိုင်ငံခြားသား အကျဉ်းသူ/သား ၅၁ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော် သမ္မတသည် မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကိုရှေးရှုသော အားဖြင့် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျ ခံနေကြရသော နိုင်ငံခြားသားအကျဉ်းသား/သူ (၅၁) ဦးအား ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်း သတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။ယနေ့ ပြည်တွင်းမှ လွတ်ငြိမ်းချမ်းသက်သာခွင့်ရသည် အကျဉ်းသား ၈၄၉၀ဦးနှင့် ပြည်ပမှ လွတ်ငြိမ်းသက်သာခွင့်ရသည် အကျဉ်းသား ၅၁ဦး စုစုပေါင်း ၈၅၄၁ဦး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.