Connect with us

Politics, Law & Military

နိုင်ငံတော် ဒုတိယ သမ္မတများ နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်သစ်ကူး မိန့်ခွန်းပြောကြား

နှစ်သစ်ကူးမိန့်ခွန်းပြောကြားသော ဒုသမ္မတနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့အားတွေ့ရစဉ်(ဓာတ်ပုံ- သမ္မတရုံး)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာသက္ကရာဇ် ၁၃၈ဝ ခု၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော် ဒုတိယ သမ္မတများ နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်သစ်ကူး မိန့်ခွန်းပြောကြားခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ထိုသို့ ပြောကြားရာတွင် မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် ကြိုးစားကြ ရာမှာ နိုင်ငံတော်အစိုးရနှင့် အတူ တိုင်းရင်းသားပြည်သူများ အားလုံးက ကျရာ ကဏ္ဍကနေ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံတော်ချစ်စိတ်ဓာတ် တို့ကို အခြေခံပြီး စုပေါင်းအင်အားနှင့် အတူတကွ လက်တွဲ၍ အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် ဒုတိယသမ္မတ ဦးမြင့်ဆွေက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် မေတ္တာရပ်ခံ တိုက်တွန်းပြောကြားခဲ့သည်။

အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ရာမှာ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ချစ်ကြည်ရင်းနှီးမှု၊ ရိုင်းပင်းကူညီမှု၊ နားလည် စာနာမှု၊ ခွင့်လွှတ်သည်းခံမှု၊ အပြန်အလှန် လေးစားမှုများကို အခြေခံပြီး ပြည်ထောင်စု စိတ်ဓာတ် ကို အရင်းတည်ကာ စုပေါင်းအင်အားနှင့် လုပ်ဆောင်ကြရမည်ဖြစ်ပြီး စုပေါင်းအင်အားသာလျှင် အရာ အားလုံးကို ရင်ဆိုင်ကျော်လွှားနိုင်မယ့် အကြီးမားဆုံးခွန်အားဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လာမယ့်နှစ်သစ်ကာလမှာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး၊ မြန်မာ နိုင်ငံအတွင်းမှာရှိတဲ့လူရော၊ မြန်မာ နိုင်ငံပြင်ပမှာရောက်နေတဲ့လူအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်၊ ၁၃၇၉ ခုနှစ်အတွင်းမှာတော့ပြောင်းလဲမှုအချို့နဲ့အတူ ပြည်သူတွေဖြတ်သန်းခဲ့ရတာ အများကြီးရှိကြတယ်၊ ဒီတစ်နှစ်လုံးမှာကြုံခဲ့ရတဲ့ ဖြတ်သန်းခဲ့ရတဲ့ပင်ပန်းမှုတွေကို ဒီနှစ်သစ်ကာလမှာအားတွေမွေးကြရတာပေါ့၊ ကုသိုလ်ကောင်းမှုတွေလုပ်ကြ ရတာပေါ့၊ အဲ့ဒီကနေတစ်ဆင့်လာမယ့် ၁၃၈၀ မှာလည်း ယခုထက်ပိုပြီး တိုးတက်မှု တွေရရှိအောင်ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်” ဟု နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.