Politics, Law & Military
ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၁,၂၉၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၁,၂၉၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ၁၈း၀၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ ဟန်ထက်-မန်သာ သွားကားလမ်းတွင် ကျော်ဇင်လတ် မောင်းနှင် လာသော ဆိုင်ကယ်ရောက်ရှိ၍ရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၄၂,၉၀၀ ပြား ၊ ဘိန်းစိမ်း ၄၀၀ ဂရမ်၊ ၊ ဘိန်းဖြူ ၃၈ ဂရမ် နှင့် လက်ကိုင်ဖုန်း တစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဇင်လတ်(ခ) အီးကြား(၃၂) နှစ် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)