Politics, Law & Military
မောင်တောမြို့နယ်တွင် လုံခြုံရေးတိုးမြှင့်ပေးမည်

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယခုထက် လုံခြုံရေးတိုးမြှင့်ပေးရန် ပြည်သူများ နေရပ်သို့ အေးချမ်း လုံခြုံစွာ ပြန်လည် နေထိုင်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲ၌ ဆွေးနွေးထားကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။
စစ်တွေမြို့တွင် အောက်တိုဘာ ၁၉ ရက်နေ့က ကျင်းပသော ပြည်သူများ နေရပ်သို့ အေးချမ်း လုံခြုံစွာ ပြန်လည် နေထိုင်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲ၌ ကျောင်းဆရာမများအစား ကျောင်းဆရာများ အစားထိုးခန့်ထားရှိရန်၊ မောင်တောမြို့ကို ရခိုင်ရွာများမှ အလွယ်တကူသွားနိုင်အောင် ကားလမ်းဖောက်ရန်နှင့် ရခိုင်ရွာများတွင် လုံခြုံရေးများ တိုးပေးထားရန် ဆွေးနွေးထားကြောင်း သိရသည်။မောင်တောဒေသလုံခြုံရေးအတွက် ယခင်ထက် စိတ်ချရပြီး ယုံကြည်မှုအပြည့် အဝရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကပြောကြားသည်။
ယင်းဆွေးနွေးပွဲသို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)