Connect with us

Politics, Law & Military

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ရန် အလုပ်သမားများကို နိုင်ငံနှင့် ဒေသပေါင်း ၆ ခုသို့ တရားဝင် ပို့ဆောင်ပေးနေ

မြန်မာနိုင်ငံရှိ အထည်ချုပ် စက်ရုံတွင် အလုပ်လုပ်နေသော အလုပ်သမားများ (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ပြည်ပ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ရန် အလုပ်သမားများကို နိုင်ငံနှင့် ဒေသပေါင်း ၆ ခုသို့ တရားဝင် ပို့ဆောင်ပေးနေကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ယခုနှစ်တွင် အဆိုပါ နိုင်ငံများသို့ တရားဝင် သွားရောက် အလုပ်လုပ်ရန် အတွက် မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ်သို့ ခွင့်ပြုလက်မှတ် လာရောက် လျှောက်ထားသူ အရေအတွက် မှာ ထိုင်းနိုင်ငံသို့ ၄၄,၃၅၅ ဦး၊ မလေးရှား နိုင်ငံသို့ ၂၇,ဝဝ၈ ဦး၊ ဂျပန်နိုင်ငံသို့ ၂,၃၃၂ ဦး၊ စင်ကာပူသို့ ၅၉၁ ဦး၊ မကာအို နိုင်ငံသို့ ၁၅ ဦး၊ ယူအေအီး သို့ ၃၂ဝ ဦး ရှိကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ စာရင်း ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာ အလုပ်သမားများအား တရားဝင် ပို့ပေးနေသည့် နိုင်ငံနှင့် ဒေသများမှာ ထိုင်း၊ မလေးရှား ၊ ဂျပန်၊ စင်ကာပူ ၊ ယူအေအီး နှင့် မကာအိုတို့ ဖြစ်သည်။

ပြည်ပနိုင်ငံ များသို့ တရားဝင် သွားရောက် လုပ်ကိုင် နေကြသည့် အလုပ်သမား အရေအတွက်တွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့သို့ သွားရောက် လုပ်ကိုင်သူ အများဆုံး ဖြစ်ပြီး၊ ယခုနှစ်တွင် မလေးရှား နိုင်ငံမှ မြန်မာ အလုပ်သမား ခေါ်ယူမှုများ မြင့်တက်လာ နေကြောင်း သိရသည်။

မလေးရှား နိုင်ငံမှ ပြည်ပ အလုပ်သမားများ ခေါ်ယူရာတွင် နီပေါနှင့် မြန်မာ အလုပ်သမား များကို အများဆုံး ခေါ်ယူနေခြင်း ဖြစ်သော်လည်း လက်ရှိတွင် နီပေါနိုင်ငံမှ ငလျင်ဘေး ဒဏ်ကြောင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များကို လုပ်ကိုင် ဆောင်ရွက် နေရသဖြင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်သည့် အလုပ်သမားများ နည်းပါး နေသည်။ ထို့ကြောင့် မလေးရှားနိုင်ငံ အနေဖြင့် မြန်မာ အလုပ်သမား များကို တိုးမြှင့် ခေါ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)