Politics, Law & Military
ရန်ကုန်-စစ်တွေကားလမ်း၌ ဒေသန္တရလက်လုပ် ရှော့တိုက်မိုင်း(ခ)ကားမိုင်း ၇ လုံး တွေ့ရှိ၍ သက်မဲ့ပြုလုပ်

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ အနီး ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင် ၁၇၉ နှင့် ၁၈၀ ကြား၌ ဧပြီလ ၁၂ ရက်၌ ဒေသန္တရလက်လုပ် ရှော့တိုက်မိုင်း(ခ)ကားမိုင်း ၇ လုံး တွေ့ရှိခဲ့၍ သက်မဲ့ပြုလုပ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကားလမ်းဘေး၌ အမြင့် ၁ ပေ၊ လုံးပတ် ၁၀ လက်မခန့်ရှိ ဒေသန္တရလက်လုပ် ရှော့တိုက်မိုင်း(ခ)ကားမိုင်း ၇ လုံးအား တွေ့ရှိ၍ သက်မဲ့ပြုလုပ်ပြီး သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရှော့တိုက်မိုင်း(ခ)ကားမိုင်း ၇ လုံး တွေ့ရှိသောနေရာ၏ အရှေ့ဘက် ကိုက် ၁၀၀ ခန့်အကွာ တောင်ကြော၌ အစိမ်းရောင် ပြောက်ကျားယူနီဖောင်း ၁ စုံ၊ အစိမ်းရောင်လည်တိုဖိနပ် ၁ ရံ၊ မားမီးခေါက်ဆွဲ ၅ ထုပ်၊ ဓာတ်ဆားထုပ် ၄၀ ထုပ်၊ ဘတ္ထရီအိုး ၂ လုံး၊ မီတာတိုင်းတာသည့် စက် ၁ ခု၊ အမျိုးသား/အမျိုးသမီး ဓာတ်ပုံ ၁ ပုံစီနှင့် ဝါယာကြိုးများအား တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)